BBC navigation

ပြင်သစ် မိသားစုကို စစ်သွေးကြွတွေ ဖမ်းဆီး

နောက်ဆုံး ရေးသားချိန် 25 ဖေဖေါ်ဝါရီလ 2013 - 23:24 GMT
Boko Haram

ဖမ်းထားတဲ့ လူတွေ လွှတ်ပေးဖို့ ဘိုကိုဟာရမ် တောင်းဆို

အာဖရိကတိုက် ကင်မရွန်း နိုင်ငံမှာ အရင်ပတ်က ပြန်ပေးဆွဲ ခံရတဲ့ ပြင်သစ် မိသားစု ၇ ယောက်ရဲ့ ရုပ်ပုံတွေ အင်တာနက်မှာ တွေ့ရလို့ အထိတ်တလန့် ဖြစ်ရတယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လောရန့် ဖေးဘီးယပ်စ်က ပြောဆို ခဲ့ပါတယ်။

ယူကျု ဗီဒီယို ဝက်ဆိုက်မှာ ပေါ်လာတဲ့ ပြင်သစ် မိသားစု အကြောင်း ဗီဒီယို မှတ်တမ်းကားမှာ ကလေး ၄ ယောက် အပါအဝင် မိသားစုကို မျက်နှာဖုံးစွပ် အမျိုးသားတွေက ဝိုင်းရံ ထားတာကို တွေ့ရပါတယ်။

ဒီလူတွေက သူတို့ဟာ ဘိုကိုဟာရမ် နိုင်ဂျီးရီးယား အစ္စလာမ် အဖွဲ့ကလို့လဲ ဆိုပါတယ်။

ကင်မရွန်းနဲ့ နိုင်ဂျီးရီးယား နိုင်ငံ တွေမှာ ဖမ်းထားတဲ့ သူတို့လူတွေ လွှတ်ပေးဖို့ ဒီအဖွဲ့က တောင်းဆို ထားပါတယ်။

ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းဟာ အစ္စလာမ် ဘာသာဝင် တွေနဲ့ စစ်ပွဲခင်း နေတယ်လို့ ပြန်ပေးသမား တယောက်က စွပ်စွဲ ခဲ့ပြီး မာလီက အစ္စလာမ် လက်နက်ကိုင် တွေကို ပြင်သစ် တပ်တွေနဲ့ ဝင်ရောက် တိုက်ခိုက်တာကို ရည်ညွှန်း လိုပုံ ရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။