BBC navigation

ဗြိတိန်က ဝါအကြီးဆုံး ဘုန်းတော်ကြီး နုတ်ထွက်

နောက်ဆုံး ရေးသားချိန် 25 ဖေဖေါ်ဝါရီလ 2013 - 16:59 GMT

ပုပ်ရဟန်မင်းကြီး ဘန်နဒစ် ကနေ Keith O'Brien ရဲ့ နုတ်ထွက် လွှာကို လက်ခံ လိုက်ပြီ ဖြစ်ပါတယ်

ဗြိတိန်က ဝါအကြီးဆုံး ကက်သလစ် ဘုန်းတော် ကြီး လည်းဖြစ် စကော့တလန်က ရိုမန် ကက်သလစ် အသင်းတော် ကြီးရဲ့ ရာထူး အကြီးဆုံး ဘုန်တော်ကြီး လည်းဖြစ်တဲ့ Keith O'Brien ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က ခရစ်ယာန် သင်းအုပ် ဆရာတွေ အပေါ် ကောင်းကောင်း မွန်မွန် မဆက်ဆံ ခဲ့ဘူး ဆိုတဲ့ စွပ်စွဲ မှုတွေ ခံရပြီး နောက် ရာထူးက နုတ်ထွက် သွားပြီ ဖြစ်ပါတယ်။

ပုပ်ရဟန်မင်းကြီး ဘန်နဒစ် ကနေ သူရဲ့ နုတ်ထွက်လွှာကို လက်ခံ လိုက်ပြီ ဖြစ်ပြီး၊ ချက်ခြင်း တရားဝင် ဖြစ်သွားပြီ ဖြစ်တယ်လို့ ကာဒီနယ်လ် ဘုန်းတော်ကြီး Keith O Brien က ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီး ကနေ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က O'Brien ရဲ့ နုတ်ထွက်လွှာကို လက်ခံ ခဲ့တာ ဖြစ်တယ်လို့လည်း ဗာတီကန်က ဘုန်းတော်ကြီး Tom Rosica က ကြေညာသွား ပါတယ်။

ရာထူး ကနေ ဆင်းတော့မယ့် ဘန်နဒစ် နေရာ အတွက် ပုပ်ရဟန်းမင်း အသစ် တပါး ရွေးချယ်ရာ မှာလည်း ပါဝင် အရွေး ခံတော့မှာ မဟုတ်ဘူးလို့ ဘုန်းတော်ကြီး O'Brien က အတည်ပြု ပြောကြားပါတယ်။

ပြီးခဲ့တဲ့ စနေ တနင်္ဂနွေ ရက်တွေမှာ သူဟာ အခုလို စွပ်စွဲ ချက်တွေ အတွက် ရှင်းနေ ရတယ်လို့ ပြောပါတယ်။

အခုလို ဘုန်းတော်ကြီး Keith O'Brien ရဲ့ နုတ်ထွက်မှုကြောင့် ခရစ်ယာန် ဘုန်းတော်ကြီး တချို့ရဲ့ လိင်မှု ဆိုင်ရာ မတော် မတရား ပြုလုပ်ခဲ့ မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေး မှုတွေ ပြုလုပ်နေတဲ့ ကာဒီနယ်လ် ဘုန်းတော်ကြီးတွေ အပေါ် ဖိအားပေး မှုတွေ ကြီးမားလာ စေခဲ့ တယ်လို့ ဘီဘီစီ ဘာသာရေး ဆိုင်ရာ သတင်း ထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။