BBC navigation

အီဂျစ်မှာ မီးပုံးပျံ ပျက်ကျ

နောက်ဆုံး ရေးသားချိန် 26 ဖေဖေါ်ဝါရီလ 2013 - 13:59 GMT
_baloon_crashed_egypt_

အီဂျစ်က မီးပုံးပျံ ပျက်ကျ ခဲ့တဲ့ နေရာ

အီဂျစ် နိုင်ငံက လခ်ဆာ မြို့အနီးမှာ မီးပုံးပျံ တစင်း လေထဲမှာ ပေါက်ကွဲ ပျက်ကျ ခဲ့တဲ့ အတွက် အဲဒီပေါ်မှာ စီးနင်း လိုက်ပါလာတဲ့ လူ ၁၉ ဦး သေဆုံး ခဲ့ရပါတယ်။

အဲဒီ မီးပုံးပျံ ခရီးစဉ် တွေကို စီစဉ် ပေးနေတဲ့ ကုမ္ပဏီကတော့ မီးပုံပျံမှာ ပါတဲ့ ဓာတ်ငွေ့ဗူး ပေါက်ကွဲခဲ့တာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။

အမြင့် မီတာ ၃၀၀ လောက်မှာ အခုလို ပေါက်ကွဲပြီး မြို့ရဲ့ မြောက်ဘက်ကို ပျက်ကျ ခဲ့တာ ဖြစ်ပါတယ်။

အခု သေဆုံး ခဲ့ရသူ တွေထဲက ထက်ဝက်ကျော်ဟာ ဟောင်ကောင်က လာသူတွေ ဖြစ်ကြပါတယ်။

ဒဏ်ရာ ပြင်းထန်တဲ့ နောက်ထပ် လူ ၃ ဦးကိုလည်း ကုသ ပေးနေပါတယ်။

လခ်ဆာ မြို့မှာ ရှေးဟောင်း အမွေအနှစ် နေရာတွေ များတဲ့ အတွက် မီးပုံးပျံစီးပြီး ကြည့်ရတာကို လူကြိုက်များ ပါတယ်။

အဲဒီမှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကလည်း အခုလို မီးပုံးပျံ ပျက်ကျ ခဲ့ဖူးတဲ့ အတွက် ဘေးအန္တရာယ် လုံခြုံရေး နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေခဲ့ပြီး ဖြစ်တယ်လို့ အဲဒီက ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

နောက်ဆုံး ဝင်လာတဲ့ သတင်းတပုဒ် အရတော့ အဲဒီ လခ်ဆာ မြို့မှာ မီးပုံပျံ ခရီးစဉ် တွေအားလုံးကို ရက် အကန့်အသတ် မရှိ ရပ်ဆိုင်းထား လိုက်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။