BBC navigation

အမေရိကန် ကာကွယ်ရေး ဝန်ကြီးသစ် ခန့်ပြီ

နောက်ဆုံး ရေးသားချိန် 26 ဖေဖေါ်ဝါရီလ 2013 - 23:04 GMT
Chuck Hagel

ဟေဂယ် ကာကွယ်ရေး ဝန်ကြီး ဖြစ်

ရီပတ်ဘလစ်ကန် ပါတီက ဆီးနိတ် အမတ်ဟောင်း Chuck Hagel ကို အိုဘားမား အစိုးရသစ် ကာကွယ်ရေး ဝန်ကြီး အဖြစ် အမေရိကန် ဆီးနိတ် လွှတ်တော်က မဲခွဲ အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။

အရင် လေးနှစ် အတွက် ထမ်းဆောင်ခဲ့တဲ့ မစ္စတာ လီယွန် ပနက်တာ နေရာမှာ အစားထိုးဖို့ ထောက်ခံမဲ ၅၈ မဲ၊ ကန့်ကွက်မဲ ၄၁ မဲနဲ့ မစ္စတာ ဟေဂယ်ကို ဆီးနိတ် အမတ်တွေက မဲပေး ခဲ့ကြတာ ဖြစ်ပါတယ်။

မစ္စတာ ဟေဂယ်ကို အစ္စရေး မလိုလားတဲ့သူ၊ အီရန်ကို လိုက်လျော စေ့စပ် ချင်တဲ့သူလို့ ရောင်းရင်းဟောင်း ရီပတ်ဘလစ်ကန် အမတ်တချို့က ကန့်ကွက် နေခဲ့ကြလို့ မဲခွဲဖို့ ကိစ္စ တလ ကြာခဲ့ရပါတယ်။

မဲခွဲချိန်မှာ ရီပတ်ဘလစ်ကန် အမတ် ၄ ယောက်က ဒီမိုကရက် အမတ် အများစုနဲ့ ပူးပေါင်း ခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။