BBC navigation

အီတလီမှာ နိုင်ငံရေးပါတီတွေ အနစ်နာ ခံဖို့လို

နောက်ဆုံး ရေးသားချိန် 26 ဖေဖေါ်ဝါရီလ 2013 - 14:20 GMT
berlusconi

အီတလီ ကောင်းဖို့ လုပ်ကြဖို့ ပြောလိုက်တဲ့ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ

အီတလီ ဝန်ကြီးချုပ်ဟောင်း ဆေလ်ဗီယို ဘာလူစကိုနီက အစိုးရသစ် ဖွဲ့နိုင်ဖို့ အတွက် နိုင်ငံရေး ပါတီတွေအားလုံး စွန့်လွှတ် အနစ်နာ ခံမှုတွေ လုပ်ဖို့ လိုလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

ဒါကတော့ ပါလီမန် ရွေးကောက်ပွဲတွေ အပြီး ထွက်လာတဲ့ အဖြေတွေအရ ဘယ်ပါတီမှ သိသိသာသာ အနိုင် မရခဲ့တဲ့ နောက်မှာ နိုင်ငံရေးနဲ့ ဘဏ္ဍာရေး မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိနေတဲ့ အတွက် အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

အီတလီ အောက်လွှတ်တော်မှာ မစ္စတာ ဘာလူစကိုနီရဲ့ ပြိုင်ဘက် ဗဟိုက လက်ဝဲယိမ်း ဒီမိုကရက်တစ် ပါတီက အသာရ နိုင်ခဲ့ပေမယ့် ဆီးနိတ် လွှတ်တော်မှာ တော့ဖြင့် ဘယ်ပါတီကမှ အသာမရ ခဲ့ကြ ပါဘူး။

ဒါပေမယ့် အဲဒီ ဆီးနိတ် ထဲမှာ မစ္စတာ ဘာလူစကိုနီနဲ့ သူ့မဟာမိတ် တွေကတော့ အင်အား ကောင်းနေပါတယ်။

အဲဒါကြောင့် မစ္စတာ ဘာလူစကိုနီဟာ ဗဟို လက်ဝဲ သမားတွေနဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့ စဉ်းစား နေတာ ဖြစ်နိုင်ကြောင်း ရောမမြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မစ္စတာ ဘာလူစကိုနီ ကတော့ အားလုံး အချိန်ပေး စဉ်းစား ဖို့ လိုတယ်။ သူ့အမြင် အရတော့ အီတလီ နိုင်ငံ ကောင်စားရေးကိုသာ ရှေ့တန်းတင် ရမှာ ဖြစ်ပြီး ဒီအတွက် အားလုံးမှာ တာဝန် ရှိနေတယ်လို့ ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။