BBC navigation

အီတလီအရေးကြောင့် ဥရောပငွေကြေး ဈေးကွက်ထိခိုက်

နောက်ဆုံး ရေးသားချိန် 26 ဖေဖေါ်ဝါရီလ 2013 - 14:26 GMT
euro_zone

အီတလီ မရေရာမှုကြောင့် ဥရောပ ငွေကြေး စျေးကွက်တွေ ထိခိုက်

ယူရိုဇုန် အတွင်းက တတိယ အကြီးဆုံး စီးပွားရေး ဖြစ်တဲ့ အီတလီ ရွေးကောက်ပွဲ အခြေအနေတွေ မသေချာ မရေရာ ဖြစ်နေတဲ့ အတွက် ဥရောပ တလွှားက ငွေကြေး စျေးကွက် တွေမှာ စျေးနှုန်းတွေ ကျဆင်း ကုန်ပါတယ်။

အီတလီက စတော့ စျေးကွက်မှာလည်း တကြိမ်မှာ ၁.၅ ရာခိုင်နှုန်း ကျဆင်း သွားခဲ့သလို အတိုးနှုန်း တွေလည်း တက်လာ ခဲ့ပါတယ်။

ပါရီမြို့နဲ့ ဖရန့်ဖတ် မြို့က စတော့ ဈေးကွက် တွေလည်း ကျဆင်း ခဲ့သလို ယူရို ငွေတန်ဘိုးလည်း ကျဆင်း သွားခဲ့ပါတယ်။

အီတလီမှာ အခုလို နိုင်ငံရေး ထွက်ပေါက် မရှိ ဖြစ်နေတဲ့ အတွက် စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေလည်း ရပ်တန့် သွားနိုင်သလို ယူရိုဇုန် အတွင်းက အကြွေး ပြဿနာ တွေလည်း တခါပြန်ပေါ် လာနိုင်တယ်ဆိုပြီး ရင်းနှီးမြှုပ်နှံ သူတွေက စိုးရိမ် နေကြပါတယ်။

စပိန်အစိုးရ ကတော့ အီတလီက မရေရာမှု တွေကြောင့် စပိန်ရဲ့ ချေးငွေ အပေါ် ပေးရတဲ့ အတိုးနှုန်း တွေ တိုးလာနိုင်လို့ အင်မတန် စိုးရိမ်မိတဲ့ အကြောင်း ပြောလာပါတယ်။

ပြင်သစ်နဲ့ ဂျာမနီ နိုင်ငံတွေကလည်း အီတလီ နိုင်ငံရေး ပါတီတွေကို တည်ငြိမ်တဲ့ အစိုးရတခု အမြန်ဆုံး ဖွဲ့ဖို့ အတွက်ကို တိုက်တွန်း လိုက်ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။