BBC navigation

အသုံးစရိတ် မဖြတ်ဖို့ အိုဘားမားတောင်းဆို

နောက်ဆုံး ရေးသားချိန် 27 ဖေဖေါ်ဝါရီလ 2013 - 00:49 GMT
obama

အသုံးစရိတ် ဖြတ်မှု ဖယ်ရှားရေး ဥပဒေ ပြဋ္ဌာန်းဖို့ တောင်းဆို

သောကြာ နေ့မှာ စတင် သက်ရောက်တော့မှာ ဖြစ်တဲ့ ဒေါ်လာ သန်း ထောင်ချီပြီး အသုံးစရိတ် ဖြတ်တောက် မှုတွေကို ဖယ်ရှား နိုင်ရေး အတွက် ဥပဒေ ပြဋ္ဌာန်း ပေးဖို့ သမ္မတ အိုဘားမားက ကွန်ဂရက် လွှတ်တော်ကို တိုက်တွန်း လိုက်ပါတယ်။

အခွန် တိုးမြှင့်မှုတွေနဲ့ အတူ လွန်ခဲ့တဲ့ ၂ လ ထဲက ဒီလို ဖြတ်တောက်မှုတွေ ပေါ်ပေါက်ဖို့ တာစူ နေခဲ့တာပါ။

အကျိတ်အနယ် ဆွေးနွေး ညှိနှိုင်း ခဲ့ကြပြီးနောက် အခွန် တိုးမကောက် ဖို့ ထိန်းချုပ် နိုင်ခဲ့ပေမယ့် အသုံးစရိတ် ဖြတ်ဖို့ ကတော့ ယာယီပဲ ရွှေ့ဆိုင်း ထားနိုင်ခဲ့ပါတယ်။

ဒီကိစ္စ တွေနဲ့ ပတ်သက်ပြီး ဗာဂျင်းနီးယား ပြည်နယ်က သင်္ဘောကျင်း တခုမှာ မစ္စတာ အိုဘားမား ပြောကြား ခဲ့ပါတယ်။

ဝါရှင်တန် မြို့တော်က ဆွေးနွေးပွဲတွေမှာ ဘာမှ မရေရာ သေးတဲ့ အတွက် အမေရိကန် ရေတပ် အတွက် ကန်ထရိုက် ချုပ်ဆိုမှုတွေ ဆိုင်းငံ့ ခံထားရပါတယ်။

တိုင်းပြည် အကြွေး ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ အကျိုးမဲ့ သုံးစွဲမှုတွေ ရပ်ပစ်မှ ဖြစ်မယ်လို့ ရီပတ် ဘလစ်ကန် ပါတီဝင်တွေက ပြောကြား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။