BBC navigation

မန်းနင်း ရန်သူကို မကူဟု ငြင်းဆို

နောက်ဆုံး ရေးသားချိန် 28 ဖေဖေါ်ဝါရီလ 2013 - 22:40 GMT
manning

နောက်လမှာ မန်နင်းကို စစ်ခုံရုံး တင်မယ်

ဝီကီလိ ဝက်ဆိုက်ကို အချက်အလက် သိန်းနဲ့ချီ ပို့တယ် စွပ်စွဲ ခံရတဲ့ အမေရိကန် စစ်သားက သူ ရန်သူကို ကူညီခဲ့တာ မဟုတ်ကြောင်း ငြင်းဆို ခဲ့ပါတယ်။

ဒါပေမဲ့ မေရီလန်း ပြည်နယ်က စစ်စခန်း တခုမှာ ကြိုတင် ကြားနာ ရာမှာ ဘရက်ဒလေ မန်းနင်းက သီးသန့် ထားတဲ့ အချက် အလက် မှတ်တမ်း တွေကို အလွဲ သုံးစား လုပ်တယ် ဆိုတဲ့ မကြီးလေးတဲ့ ပြစ်မှု ဆယ်မှု အတွက် အပြစ်ရှိကြောင်း ဝန်ခံ ခဲ့ပြီး ကြားနာတဲ့ တရား သူကြီးက ဒီထွက်ဆို ချက်ကို လက်ခံခဲ့ ပါတယ်။

စစ်ရေးနဲ့ နိုင်ငံခြားရေး မူဝါဒတွေမှာ အခြေ အတင် ဆွေးနွေး မှုတွေ ဖြစ်လာအောင် ဒီလို လျှို့ဝှက်ချက်တွေ ဖောက်ချ ခဲ့တာလို့ မန်းနင်းက ကြာသပတေးနေ့က တရားရုံးမှာ ပြောကြားခဲ့ပါတယ်။

၂ဝ၁ဝ ပြည့်နှစ်မှာ သူ့ကို ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း ကူဝိတ်နဲ့ အမေရိကန် ပြည်ထောင်စု မှာ သူ့ကို ဘယ်လို ပြုမူ ဆက်ဆံ ခဲ့တယ် ဆိုတာကို မန်းနင်းက မနှစ် နိုဝင်ဘာလ က တရားရုံးမှာ နောက်ဆုံး ပြောကြားခဲ့ ပါတယ်။

ဗာဂျီနီးယား ပြည်နယ် ကွမ်တီကိုက လုံခြုံရေး တင်းကြပ်တဲ့ အကျဉ်းထောင် ထဲမှာ ၉ လနီးပါး ချုပ်ထား ခဲ့စဉ် အခန်းကျဉ်း လေးထဲမှာ တနေ့ကို ၂၃ နာရီ တယောက်ထဲ လှောင်ပိတ် ထားခဲ့ တယ်လို့ ဆိုပါတယ်။

အမှုလိုက် အရာရှိတွေ အနေနဲ့ သူငြင်းဆိုခဲ့တဲ့ ရန်သူကို ကူညီတယ် ဆိုတဲ့ စွဲချက် အပါအဝင် ကျန်စွဲချက် ၁၂ ခုနဲ့ တရားစွဲ ဆိုဖို့ ကြိုးစား နိုင် ပါသေးတယ်။

ရန်သူကို ကူညီတယ် ဆိုတဲ့ စွဲချက်ဟာ ထောင်ဒဏ် တသက် တကျွန်း ကျနိုင်တဲ့ ပြစ်မှု ဖြစ်ပြီး အခု သူဝန်ခံ ခဲ့တဲ့ မကြီးလေးတဲ့ ပြစ်မှုတွေ အတွက် ထောင်ဒဏ် နှစ် ၂ဝ လောက် ကျခံရဖွယ် ရှိနေပါတယ်။

ဝီကီလိ သတင်း ပေါက်ကြားမှုဟာ အမေရိကန် သမိုင်းမှာ အကြီးကျယ်ဆုံး လျှို့ဝှက် သတင်း ပေါက်ကြားမှုကြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။