BBC navigation

သမဂ္ဂခေါင်းဆောင်ကို အလွဲသုံးစားမှုနဲ့ ပြစ်ဒဏ်ချ

နောက်ဆုံး ရေးသားချိန် 28 ဖေဖေါ်ဝါရီလ 2013 - 00:54 GMT

မြန်မာ လယ်သမားတဦး လုပ်ငန်းခွင်ဝင်

မြန်မာနိုင်ငံရှိ တောင်သူ လယ်သမား အရေးကို ဆောင်ရွက်နိုင်ရေး အတွက် ရည်ရွယ်ပြီး ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ တောင်သူလယ်သမားများ နှီးနှော ဖလှယ်ပွဲကနေ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမားအဖွဲ့ တစ်ခုကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ကနေ ၂၆ ရက်နေ့ထိ ရန်ကုန်မြို့ ရွှေဂုံတိုင် Exile တာဝါ ဟိုတည်မှာ ၂ ရက်ကြာ ပြုလုပ်ခဲ့တဲ့ တောင်သူ လယ်သမား နှီးနှော ဖလှယ်ပွဲကနေ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမားအဖွဲ့ (ယာယီ) ကို ဖွဲ့စည်းလိုက်ပါတယ်။

အဲဒီ နှီးနှောဖလှယ်ပွဲကို တိုင်းနဲ့ ပြည်နယ် ၁၄ ခုက ကိုယ်စား လှယ်တွေ အပါအ၀င် လယ်သမား အရေးဆောင်ရွက်နေတဲ့ ကိုယ်စားလှယ် စုစုပေါင်း ၁၇၅ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဖွဲ့ထဲမှာ တိုင်းနဲ့ ပြည်နယ် အလိုက် ကိုယ်စားပြုတဲ့ ကော်မီတီ ၂၈ ဦးပါ၀င်ပြီးတော့ အဖွဲ့ အနေနဲ့ လူပ်ရှား ဆောင်ရွက်အနေအထားကိုတော့ ရခိုင်ပြည်နယ် လယ်သမားတွေကို ကိုယ်စားပြု တက်ရောက်ခဲ့တဲ့ ဦးသန်းဌေးက ပြောပါတယ်။

အခု ဖွဲ့စည်းလိုက်တဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံ အတွင်းမှာ လယ်မြေသိမ်းခံထားရတာတွေ၊ လယ်သမားတွေ မြေယာမှတ်ပုံတင် ရရှိရေး ကိစ္စတွေ အပါအ၀င် တခြား လယ်သမားအရေး ကိစ္စတွေကို တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အခု လက်ရှိ မအူပင် မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လယ်သမား အရေးကိစ္စမှာလည်း သူတို့ အဖွဲ့ အနေနဲ့ ချက်ချင်း ဆောင်ရွက်မူတွေ ပြုလုပ် ခဲ့တယ်လို့ ဆိုပါတယ်။

အခုဖွဲ့လိုက်တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အဖွဲ့ (ယာယီ) ကနေ မကြာခင် မှာတော့ ပြည်နယ်နဲ့ တိုင်း ကိုယ်စားလှယ်တွေ ပါ၀င်တဲ့ ညီလာခံ တစ်ခုကို ပြုလုပ်သွားမှာ ဖြစ်ပြီး အဖွဲ့ကို ယာယီကနေ အမြဲတန်း အဖြစ် ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။