BBC navigation

ပုပ် ဘန်နဒစ် ပုပ်ရဟန်းမင်းသက်တမ်း ပြီးဆုံး

နောက်ဆုံး ရေးသားချိန် 28 ဖေဖေါ်ဝါရီလ 2013 - 21:29 GMT
pope

ရဟန်းမင်းဘဝ နောက်ဆုံးအကြိမ် ကောင်းချီးပေး

ပုပ်ရဟန်းမင်း ၁၆ ဆက်မြောက် ဘန်နဒစ် ရဲ့ ရာထူး သက်တမ်း တရားဝင် အဆုံးသတ် ခဲ့ပြီ ဖြစ်ပါတယ်။

ကက်သလစ် သာသနာရဲ့ အနှစ် ၆ဝဝ အတွင်း ပုပ်ရဟန်းမင်း ဘန်နဒစ် ပထမဆုံး နုတ်ထွက် ခဲ့ပြီးနောက် သူ့ရဲ့ ရာထူး နေရာ လစ်လပ် နေပါတယ်။

ပုပ် ဘန်နဒစ်ဟာ ဗာတီကန်က ထွက်ခွာပြီး ရောမ မြို့တော် တောင်ဘက် တောင်တွေပေါ်က နွေရာသီ နန်းတော်ကို ရဟတ်ယာဉ်နဲ့ ကြွချီ သွားပါတယ်။

ဘာသာရေး ကျင့်ကြံ အားထုတ်မှုတွေပဲ လုပ်ချင်တော့တယ်လို့ ဘန်နဒစ် မိန့်ကြား ခဲ့ပြီး ရဟန်းမင်းကြီး သက်တော် ရှည်ပါစေလို့ အော်ဟစ် ကြွေးကြော်သံတွေနဲ့ ပဲ့တင်ဟီး လို့ နေခဲ့ပါတယ်။

နွေရာသီ နန်းတော် သစ်သား တံခါးမကြီးတွေကို ပိတ်လိုက်ချိန်မှာ ၈ နှစ်ကြာ ပုပ်ရဟန်း မင်း သက်တမ်း အဆုံးသတ် သွားခဲ့ပါတယ်။

ကက်သလစ် ဂိုဏ်းချုပ်ကြီး တွေက ပုပ်ရဟန်းမင်းသစ် ကို ရွေးဖို့ လာမယ့် သီတင်းပတ်တွေ အတွင်း စည်းဝေးကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။