BBC navigation

ဘန်နဒစ် ဗာတီကန်က ထွက်ခွာပြီ

နောက်ဆုံး ရေးသားချိန် 28 ဖေဖေါ်ဝါရီလ 2013 - 17:03 GMT

ပုပ်ရဟန်မင်းကြီး ဘန်နဒစ် ရဟတ်ယာဉ်ပေါ် မတက်ခင် နောက်ဆုံး နှုတ်ဆက်

ပုပ်ရဟန်း မင်းကြီး ဘန်နဒစ်ဟာ ရိုမန် ကက်သလစ် အသင်းတော် ကြီးရဲ့ သာသပိုင် အဖြစ် ကနေ နှုတ်ထွက် ပြီးနောက် ဗာတီကန် နန်းတော် ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

သက်တော် ၈၅ နှစ် အရွယ် ဘန်နဒစ်ကို ရဟတ်ယာဉ်နဲ့ ရောမမြို့ အပြင်ဘက်က သူ့ရဲ့ အိမ်တော်ကို ခေါ်ယူ သွားတာ ဖြစ်ပါတယ်။

အဲဒီနောက် သုံးနာရီ ကြာ အချိန် မှာတော့ သူ့ရဲ့ လက်ထောက်ဖြစ်သူ ကာဒီနယ် ရဟန်းအမတ် Tarcisio Bertone က ပုပ်ရဟန်မင်း အဖြစ် ယာယီ တာဝန်ယူ မှာ ဖြစ်ပြီး၊ ဘန်နာဒစ်ဟာ သူ့ရဲ့ ပုပ်ရဟန်းမင်း အဆောင်အယောင်တွေ ဖြစ်တဲ့ အနီရောင် ဝတ်ရုံ၊ ရှူးဖိနပ် အနီနဲ့ ရွှေလက်စွပ်တော် တို့ကို ကို ထားခဲ့ ရပါတယ်။

ပုပ်ရဟန်းမင်းကြီး ဘန်နဒစ်က နောက်တက်လာမယ့် ပုပ်ရဟန်မင်းသစ်ကို လေးလေး စားစားနဲ့ နာခံမှာ ဖြစ်ကြောင်း ဒီကနေ့ နေ့လယ် ပိုင်းမှာပဲ ပုပ်ရ ဟန်းအဖြစ် ဝင်အရွေးခံ ကြမယ့် ကာဒီနယ် ရဟန်းအမတ် တွေကို ပြောကြား သွားပါတယ်။

ဘန်နဒစ်ဟာ နှစ်ပေါင်း ၆၀၀ အတွင်း ပုရဟန်း အဖြစ် ကနေ ပထမဆုံး နှုတ်ထွက်သူ ဖြစ်ပြီး၊ ပုပ်ရဟန်မင်းသစ် တပါးကိုတော့ မတ်လ ထဲမှာ ရွေးချယ်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။