BBC navigation

ဆီးရီးယားသူပုန်တွေကို ကူညီဖို့ အမေရိကန် ကတိပြု

နောက်ဆုံး ရေးသားချိန် 28 ဖေဖေါ်ဝါရီလ 2013 - 16:35 GMT

ဆီးရီးယား အတိုက် အခံ ခေါင်းဆောင် ကတော့ စစ်ဖက် ဆိုင်ရာ အကူ အညီတွေ မပါတဲ့ အတွက် စိတ်ပျက်

ဆီးရီးယား လက်နက်ကိုင် အတိုက် အခံတွေကို စစ်ဖက် ဆိုင်ရာ အကူအညီ မဟုတ်တဲ့ ဒေါ်လာ ၆ သန်း ဖိုး အထောက် အပံ့ ပေးမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပထမဆုံး အကြိမ် ကတိပြု လိုက်ပါတယ်။

ရောမ မြို့မှာ ပြုလုပ်တဲ့ ဆီးရီးယား မိတ်ဆွေများ အစည်း အဝေး တခုမှာ မစ္စတာ ကယ်ရီက အခုလို့ ကတိပေး လိုက်တာ ဖြစ်ပါတယ်။

ဆီးရီးယား အတိုက် အခံတွေဟာ အရင်တုန်း ကတော့ အခု လိုမျိုး အမေရိကန်ရဲ့ တိုက်ရိုက် ကူညီမှုကို မရရှိခဲ့ ဘူးပါ။

ဒါဟာ အမေရိကန်တို့ရဲ့ ဆီးရီးယား ဆိုင်ရာ အရေးကြီးတဲ့ မူဝါဒ အပြောင်း အလဲ ဖြစ်တယ်လို့ ဘီဘီစီ သံတမန် ရေးရာ သတင်းထောက်က ပြောပါတယ်။

အတိုက် အခံ သူပုန်တွေ ထိန်းချုပ် ထားတဲ့ ဒေသတွေက အရပ်သားတွေ အတွက် အခြေခံ လိုအပ်ချက်တွေ ပေးနိုင်ဖို့ နဲ့ အစိုးရ တရပ် တည်ဆောက်ပြီး တရား ဥပဒေ စိုးမိုးရေး ဆောင်ရွက် ဖို့ ရည်ရွယ်ပြီး၊ ဒီအကူ အညီတွေကို ပေးအပ် သွားမှာ ဖြစ်ပါတယ်။

အစား အသောက်နဲ့ ဆေးဝါး အကူ အညီတွေ ပါဝင်မှာ ဖြစ်ပြီး လက်နက်တော့ ပါမှာ မဟုတ်ပါ။

ဆီးရီးယား အတိုက် အခံ ခေါင်းဆောင် မို့ဇ် အဲလ် ခါတိ ကတော့ စစ်ဖက် ဆိုင်ရာ အကူ အညီတွေ မပါတဲ့ အတွက် စိတ်ပျက် မိကြောင်း ပြောပါ တယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။