BBC navigation

ဘင်္ဂလားမြောက်ပိုင်း အကြမ်းဖက်မှု လူတဦးသေ

နောက်ဆုံး ရေးသားချိန် 1 မတ်လ 2013 - 17:16 GMT

ဘင်္ဂလားဒေ့ရှ် နိုင်ငံ တလွှား အကြမ်းဖက် မှုတွေကြောင့် အနည်းဆုံး လူ ၃၅ ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ် နိုင်ငံက စစ်ရာဇဝတ်မှု ဆိုင်ရာ အထူး ခုံရုံး ကနေ အစ္စလာမ် ပါတီ တခုရဲ့ ထိပ်တန်း ခေါင်းဆောင် ဒဲလ်ဝါ ဟောစိန် ဇာရီဒီကို သေဒဏ် စီရင်ချက် ချမှတ် လိုက်မှုကြောင့် အကြမ်းဖက်မှု တွေဟာ ဘင်္ဂလား မြောက်ပိုင်း မှာလည်း ဖြစ်ပွားခဲ့ ပါတယ်။

ဂျမတ် အီ အစ္စလာမီ ပါတီကို ထောက်ခံ သူတွေနဲ့ အာဏာရ အဝါမီ လိဂ် ပါတီ ဝင်တွေ အကြား ရုန်းရင်း ဆန်ခတ် ဖြစ်မှုတွေ အတွင်း လူတဦး သေဆုံး သွားတယ် လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မစ္စတာ ဇာရီဒီဟာ လွတ်လပ်ရေး စစ်ပွဲ အတွင်း လူသတ်မှု၊ မုဒိန်းမှု နဲ့ ညှင်းပန်း နှိပ်စက် မှုတွေ အတွက် အပြစ် ရှိကြောင်း တရားရုံး ကနေ သေဒဏ် စီရင်ချက် ချမှတ် ခဲ့ပြီးနောက် ဘင်္ဂလား နိုင်ငံ တလွှား အကြမ်းဖက် မှုတွေကြောင့် အနည်းဆုံး လူ ၃၅ ဦး သေဆုံး သွားခဲ့ ရပြီ ဖြစ်ပါတယ်။

သောကြာနေ့ ဝတ်ပြု ဆုတောင်း မှုတွေ အပြီး ဆန္ဒပြ မှုတွေ ဖြစ်ပွား နိုင်တာကြောင့် ဘင်္ဂလား အာဏာပိုင်တွေ ကနေ လုံခြုံရေးကို တိုးမြှင့် ချထား လိုက်ပါတယ်။

ဒီ ဂျမတ် ပါတီဟာ ၁၉၇၁ ခုနှစ်တုန်းက ပါကစ္စတန် ကနေ ခွဲထွက် တာကို ဆန့်ကျင် ခဲ့တဲ့ ပါတီ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ပါတီ ခေါင်းဆောင်တွေ ဟာ ဘင်္ဂလား လွတ်လပ်ရေး စစ်ပွဲ အတွင်း လူပေါင်း သိန်းနဲ့ချီ သေဆုံးခဲ့ ရမှု အတွက် တာဝန် ရှိတဲ့၊ ပါကစ္စတန် လိုလားသူ စစ်သွေးကြွေတွေ အပေါ် ထောက်ခံဖို့ကို တော့ ငြင်းဆန်ခဲ့ ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။