BBC navigation

တောင်အာဖရိက ကားသမားသေဆုံးမှု ရဲကိုအရေးယူ

နောက်ဆုံး ရေးသားချိန် 1 မတ်လ 2013 - 11:48 GMT

ပြည်သူ တဦး ကနေ ဗီဒီယို ရိုက်ကူး ခဲ့တဲ့ ဒီဗီဒီယို ကို နိုင်ငံပိုင် ရုပ်သံကနေ ထုတ်လွှင့် ပြသ သွား

တောင်အာဖရိကနိုင်ငံမှာ တက္ကဆီ ကားမောင်း သမား တဦးကို ဗန်ကား တစီး နောက်ဘက်မှာ တွဲလောင်း ကြိုးချီပြီး ကားနဲ့ လမ်းပေါ် တရွတ်တိုက်ဆွဲ မောင်းသွားခဲ့လို့ တက္ကဆီ သမား သေဆုံး သွားခဲ့တာနဲ့ ပတ်သက်ပြီး ရဲအရာရှိ ရှစ်ဦးကို ရာထူး ကနေ ခေတ္တ ဆိုင်းငံ့ထား လိုက်ပါတယ်။

အခုလို လုပ်ရပ်ကို ပြည်သူ တဦး ကနေ ဗီဒီယို ရိုက်ကူး ထားခဲ့တာ ဖြစ်ပြီး၊ အဲဒါကို နိုင်ငံပိုင် ရုပ်သံကနေ ထုတ်လွှင့် ပြသ သွားတာ ဖြစ်ပါတယ်။

ဂျိုဟန်နတ်စ်ဘတ် အနီး ဒေ့ဗ်တန် ရဲစခန်းမှူးကို ရာထူးက ဖယ်ရှားလိုက်ပြီလို့ တောင်အာဖရိက နိုင်ငံတော် ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး Riah Phiyega က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားပါတယ်။

ရဲစခန်း အပြင်မှာတော့ လူအနည်းငယ်ဟာ စုရုံးပြီး တက္ကဆီ ဒရိုင်ဘာ သေးဆုံး သွားမှု အတွက် ကန့်ကွက် ဆန္ဒပြခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။