BBC navigation

လေကြောင်းစစ်ကြောင့် အာဖဂန် ကလေးငယ်သေဆုံး

နောက်ဆုံး ရေးသားချိန် 2 မတ်လ 2013 - 22:30 GMT
Afghan nato

စစ်ကြောင့် အာဖဂန် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိဆဲ

အာဖဂန် နစ္စတန် တောင်ပိုင်းမှာ အသက် ၇ နှစ်အောက် နွားကျောင်းသား ကလေးငယ် ၂ ယောက်ကို နိုင်ငံတကာ တပ်သားတွေက တာလီဘန် အမှတ်နဲ့ မှားယွင်း ပစ်သတ် မိခဲ့ ပါတယ်။

သြစတြေးလျ စစ်သားတွေက မှားယွင်း သတ်ဖြတ် မိကြောင်း Uruzgan ပြည်နယ် အုပ်ချုပ်ရေးမှူး က ပြောကြား ပါတယ်။

ကြာသပတေးနေ့က တာလီဘန်တွေနဲ့ စစ်ဆင် နေချိန်မှာ ရဟတ်ယာဉ် ပေါ်ကနေ သူတို့ကို ပစ်ခဲ့မိတာလို့ နေတိုး တပ်တွေ ဘက်က ပြောကြား ပါတယ်။

ဒီအဖြစ်ဆိုး အတွက် ဝမ်းနည်းရကြောင်း နေတိုး စစ်ဘက် ဆိုင်ရာ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဂင်တာကတ်ဇ် က ပြောဆို ပါတယ်။ အခုလို မှားယွင်း ပစ်ခတ်မှု နဲ့ ပတ်သက်ပြီး ISAF ခေါ် နိုင်ငံတကာ လုံခြုံရေး အကူအဖွဲ့ အပေါ်မှာ တာဝန်ရှိကြောင်း နဲ့ တောင်းပန်စကား လည်း ပြောပါတယ်။

အရင်လက အာဖဂန် အရှေ့ပိုင်းက ကူနာ ဒေသမှာ အာဖဂန်တပ် က စစ်ကူတောင်းရာက နေတိုး မှ လေကြောင်း တိုက်ခိုက်မှု ပြုပေးရာမှာ အရပ်သား ဆယ်ယောက် သေဆုံး ခဲ့ရပြီးနောက် တိုက်ပွဲတွေ မှာ လေကြောင်း စစ်ကူ မခေါ်ဖို့ အာဖဂန် တပ်တွေကို သမ္မတ ဟာမစ် ကာဇိုင်းက တားမြစ် ခဲ့ပါတယ်။

၂၀၁၄ ခု နှစ်ကုန်ပိုင်း မှာ နေတိုး တပ်ဖွဲ့တွေ အနေ နဲ့ အာဖဂန် က တပ်တွေ ရုပ်သိမ်းဖို့ အချိန်ဇယား ဆွဲထားပြီးတဲ့ ကြားက အခုလို မလိုလားအပ်တဲ့ မှားယွင်း ပစ်ခတ်မှု တွေ ပေါ်ပေါက်ဆဲ ဖြစ်တဲ့ အကြောင်း ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။