BBC navigation

ဘင်္ဂလား အကြမ်းဖက်မှု လူ ၃ ဦး သေဆုံး

နောက်ဆုံး ရေးသားချိန် 2 မတ်လ 2013 - 16:03 GMT

အနောက်တောင်ပိုင်းက လူနည်းစု ဟိန္ဒူ တွေရဲ့ အိမ်တွေနဲ့ ဘုရားကျောင်း တခုလည်း မီးရှို့ခံရ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အစ္စလာမ် ထိပ်တန်း နိုင်ငံရေး သမား တဦးကို သေဒဏ် ချမှတ် လိုက်တဲ့ အပေါ် အကြမ်းဖက် မှုတွေ ဖြစ်ပွား နေရာ အခု နောက်ဆုံး အကြမ်းဖက် ဖြစ်ရပ် မှာတော့ အနည်းဆုံး လူ ၃ ဦး သေဆုံးသွား ပါတယ်။

စစ်တကောင်း ဆိပ်ကမ်းမြို့မှာ လုံခြုံရေး တပ်ဖွဲ့တွေ ကနေ ရာဘာ ကျည်တွေရော ကျည်ဆံ အစစ်တွေပါ သုံးပြီး၊ ခဲတွေနဲ့ ပစ်ပေါက် နေကြတဲ့ ဂျမတ် အီ အစ္စလာမ်မီ ပါတီကို ထောက်ခံသူ တွေကို ပစ်ခတ် လူစုခွဲ ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုင်ငံ အနောက်တောင်ပိုင်းက လူနည်းစု ဟိန္ဒူ တွေရဲ့ အိမ်တွေနဲ့ ဘုရားကျောင်း တခုလည်း မီးရှို့ခံလိုက် ရပါတယ်။

အတိုက်အခံ ပါတီ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသား ပါတီ ခေါင်းဆောင် ဘေဂမ် ခါလီဒါ ဇီရာ ကတော့ ဒီအကြမ်းဖက် မှုတွေ အတွက် အစိုးရကို အပြစ်တင် ပါတယ်။

စစ်ရာဇဝတ်မှု ခုံရုံး ကနေ ဂျမတ် ပါတီ ဒုဥက္ကဌ ဖြစ်သူ ဒဲလ်ဝါ ဟွန်စိန် ဆရီဒီကို အပြစ် ရှိကြောင်း စီရင်ချက် ချခဲ့တဲ့၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တလွှား အကြမ်းဖက် မှုတွေကြောင့် လူပေါင်း ၄၀ ကျော် သေဆုံး ခဲ့ရပြီ ဖြစ်ပါတယ်။

မစ္စတာ ဆရီဒီဟာ ဘင်္ဂလား လွတ်လပ်ရေး စစ်ပွဲ အတွင်း လူသတ်မှု မုဒိမ်းမှုနဲ့ မတရား ညှင်ပန်း နှိပ်စက်မှုတွေ ကျူးလွန် ခဲ့တယ်လို့ တရားရုံးက စွပ်စွဲ ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။