BBC navigation

ဖိလစ်ပိုင်လက်နက်ကိုင်တွေကို မလေးရှား ရာဇသံပေး

နောက်ဆုံး ရေးသားချိန် 2 မတ်လ 2013 - 16:43 GMT

မလေးရှား ဘိုနီယို ကျွန်းက မြို့တမြို့ကို သိမ်းယူထားတဲ့ ဖိလစ်ပိုင် လက်နက်ကိုင် အဖွဲ့ အနေနဲ့ ချက်ချင်း လက်နက်ချ ဖို့ကို မလေးရှား အစိုးက ရာဇသံ ပေး လိုက်ပါတယ်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ် က စေ့စပ် ဆွေးနွေး အဖြေရှာဖို့ ပေးထားတဲ့ အချိန် ကျော်သွားပြီ ဖြစ်တယ် လို့ ပြောပါတယ်။

မလေးရှား နိုင်ငံ ဆာဘား ပြည်နယ်ထဲကို ရောက်ရှိလာတဲ့ ဖိလစ်ပိုင် လက်နက်ကိုင် အုပ်စုနဲ့ မလေးရှား ဒေသခံရဲ အဖွဲ့တို့ အကြား ပဋိပက္ခ ဖြစ်ပွားပြီး လူ ၁၂ ယောက်လည်း သေဆုံးခဲ့ ပါတယ်။

ရဲ ၂ ယောက်နဲ့ ဖိလစ်ပိုင် လူမျိုး အနည်းဆုံး ၁၀ ယောက် သေဆုံး ခဲ့တယ်လို့ မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။

သူတို့ဟာ မူဆလင် မျိုးနွယ်စု ဖြစ်ကြပြီး မလေးရှား ဆားဘား ပြည်နယ်ကို ဆူလတန် စော်ဘွားရဲ့ ပိုင်နက်လို့ သူတို့က ယူဆ ထားကြပါတယ်။ ပြီးခဲ့တဲ့ လမှာ ဖိလစ်ပိုင် မျိုးနွယ် စုတွေ မလေးရှား ဆားဘား ပြည်နယ်ကို ရောက်လာ ကတည်းက အကြမ်းဖက် မှုတွေ ဖြစ်လာ တော့မယ်လို့ စိုးရိမ် ပူပန်မှုတွေ ရှိခဲ့ပါတယ်။

သူတို့ဟာ သူတို့ ကိုယ်သူတို့ တော်ဝင် ဆူးလူး တပ်မတော်လို့ ခေါ်ကြပြီး သူတို့ နှစ်ပတ်ကြာ ပုန်းခို ခဲ့ကြတဲ့ ရွာကို စတင် တိုက်ခိုက် သိမ်းပိုက်ကြတာ ဖြစ်ပါတယ်။ မလေးရှား ရဲအဖွဲ့နဲ့ ထိပ်တိုက် တွေ့ခဲ့ ကြပြီး နှစ်ဖက် စလုံး ထိခိုက် သေဆုံးခဲ့ ကြပါတယ်။

မလေးရှားရဲ အဖွဲ့ရဲ့ ပြောဆို ချက်အရ တချို့ကို ဖမ်းဆီး ရမိခဲ့ပြီး တချို့ ထွက်ပြေး လွတ်မြောက် သွားတယ်လို့ ဆိုပါတယ်။ ဆူလတန် ဂိုဏ်းသားတွေ ကတော့ သူတို့ အရှုံးပေး ထွက်ပြေး သွားတာ မဟုတ်ဘူး သူတို့ လှုပ်ရှားမှုကို တခြား နေရာ ရွှေ့ပြောင်း သွားတာလို့ သူတို့ရဲ့ ပြောရေး ဆိုခွင့်ရှိ ပုဂ္ဂိုလ်က ဆိုပါတယ်။

အခု လက်နက်ကိုင် ဂိုဏ်းသား တွေဟာ ဖိလစ်ပိုင် ပိုက်နက် ဆူးလူး ကျွန်းက လူတွေ ဖြစ်ကြပြီး သူတို့ဟာ သူတို့ တင်မြှောက် ထားတဲ့ ဆူလတန်ရဲ့ နောက်လိုက်တွေ ဖြစ်ပါတယ်

ဆားဘားဟာ တချိန်တုန်းက ဆူလတန် ပိုင်နက် ဖြစ်ခဲ့ဖူးပါတယ်။ အခု ဂိုဏ်းသားတွေ ကတော့ ခုထိလည်း သူတို့ ပိုင်နက်လို့ ပြောဆို နေကြတာပါ။ သူတို့ ပိုင်နက် ဆိုတာကို မလေးရှားက အသိ အမှတ်ပြု ကြေညာ ပေးဖို့ သူတို့က တောင်းဆို ကြပါတယ်။

မလေးရှား ဘက်က တော့ အဲသလို ဆောင်ရွက်ဖို့ သဘောတူမှာ မဟုတ်ဘူး ဆိုတာကို ရှင်းရှင်း လင်းလင်းပဲ ပြောဆို ထားပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။