BBC navigation

မာလီမှာ စစ်သွေးကြွ ခေါင်းဆောင်သေဆုံး

နောက်ဆုံး ရေးသားချိန် 2 မတ်လ 2013 - 21:48 GMT
Mokhtar Belmokhtar

မာလီ နိုင်ငံ မြောက်ပိုင်းမှာ သတ်ဖြတ် နိုင်ခဲ့

မြောက် အာဖရိကမှာ သြဇာညောင်းတဲ့ အစ္စလာမ် စစ်သွေးကြွ ခေါင်းဆောင် တယောက် ကို သုတ်သင် နိုင်ခဲ့ပြီလို့ ချဒ် စစ်တပ်က ထုတ်ပြန်ပါတယ်။

တဘက်လပ် လို့ လူသိကြတဲ့ Mokhtar Belmokhtar ကို ဇန်နဝါရီလက အယ်လ်ဂျီးရီးယား နိုင်ငံက ဓာတ်ငွေ့ စက်ရုံကို စီးနင်းတိုက်ခိုက်ပြီး ဓားစာခံ ၃ဝ ကျော် သေဆုံးခဲ့မှုမှာ ညွှန်ကြားသူ အဖြစ် သင်္ကာ မကင်း ရှိနေကြပါတယ်။

မာလီ နိုင်ငံ မြောက်ပိုင်းက စခန်းတခုကို ချေမှုန်း တိုက်ခိုက် ရာမှာ Belmokhtar ကို သတ်ဖြတ် နိုင်ခဲ့ကြောင်း ချဒ် စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား ပါတယ်။

မြောက်အာဖရိက ဒေသ အယ်လ်ခိုင်ဒါ တပ်မှူး Abu Zeid ကို သတ်ဖြတ် နိုင်ခဲ့ကြောင်း သတင်းထွက်လာပြီး နောက်တရက်မှာပဲ ချဒ် စစ်တပ်က ဒီလို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီ ၂ ယောက်လုံး သေဆုံးကြောင်း သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။