BBC navigation

ဦးချို တချောင်းထဲပါတဲ့ ကြံ့တွေ ပျောက်ကွယ်လု

နောက်ဆုံး ရေးသားချိန် 2 မတ်လ 2013 - 00:52 GMT

ချိုတချောင်းထဲပါ ရှားပါးကြံ့မျိုးနွယ် ပျောက်ကွယ်

အိန္ဒိယ နိုင်ငံ မြောက်ပိုင်းမှာ လက်နက် အပြည့် ကိုင်ဆောင်ထားတဲ့ တရားမဝင် သားရိုင်း တိရစ္ဆာန် ဖမ်းဆီး သတ်ဖြတ်သူတွေနဲ့ ခုနှစ်နာရီကြာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ဖြစ်ခဲ့ပြီးနောက် ရှားပါးမျိုးနွယ် ကြံ့ တကောင်ကို အသက်ဘေးက မကယ်တင်နိုင်ခဲ့ဘူးလို့ ( သစ်တော အရာရှိ )တောခေါင်း တွေက ပြောပါတယ်။

အဲဒီနောက် သေနတ်ကျည်ရာတွေ အပြည့်နဲ့ ဦးချို ထုတ်ခံထားရတဲ့ ကြံ့သေတကောင်ကို တွေ့ခဲ့ရတယ်လို့ အာသံ ပြည်နယ် Kaziranga အမျိုးသား ဥယျာဉ်က တောခေါင်းတွေက ဆိုပါတယ်။

ယူနက်စကိုက ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် နေရာအဖြစ် သတ်မှတ်ထားတဲ့ အဲဒီ အမျိုးသား ဥယျာက်ထဲမှာ တရားမဝင် သားရိုင်း တိရစ္ဆာန် ဖမ်းဆီးသူတွေ လက်ချက်ကြောင့် နှစ်လ အတွင်း ကြံ့ ဆယ့်သုံးကောင်လောက် အသတ်ခံ ခဲ့ရတယ်လို့ တောခေါင်းအုပ်က ပြောပါတယ်။

အဲဒီလို ရှားပါးတဲ့ ဦးချို တချောင်းထဲပါတဲ့ ကြံ့မျိုးနွယ်တွေ ကမ္ဘာပေါ်မှာ အကောင် ၃၃ဝဝ လောက်တာ ကျန်တော့တာ ဖြစ်ပြီး ဆေးဝါးနဲ့ အလှတန်ဆာတွေ ထုတ်ဖို့ အဓိက တရုတ် နိုင်ငံကို တင်ပို့ကြတာ ဖြစ်တယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။