BBC navigation

အဖြတ်အတောက်များတဲ့ ဘတ်ဂျက်ကို သမ္မတ အိုဘားမားက ဝေဖန်

နောက်ဆုံး ရေးသားချိန် 2 မတ်လ 2013 - 00:47 GMT

ဘတ်ဂျက် ဖြတ်တောက်မယ့် အစီအစဉ် နဲ့ ပတ်သက်လို့ သမ္မတ အိုဘားမား ပြောကြား

အမေရိကန် ပြည်ထောင်စုမှာ ဒီနေ့ အသက်ဝင်တော့မယ့် အစိုးရ အသုံးစရိတ် ဘတ်ဂျက် ဆိုးဆိုးရွားရွား ဖြတ်တောက်မယ့် အစီအစဉ်ဟာ လုပ်ငန်း လည်ပတ်မှုတွေ ရပ်ဆိုင်း သွားစေပြီး ထင်သလို ရေးဆွဲထားတဲ့ အစီအစဉ် ဘဲလို့ သမ္မတ အိုဘားမားက ပြောကြား လိုက်ပါတယ်။

ကွန်ဂရက် လွှတ်တော်မှာ ရီပတ်ဘလစ်ကန်တွေနဲ့ အခုနောက်ဆုံး ဆွေးနွေးမှုကလည်း သဘောတူချက် တစုံတရာ ထွက်ပေါ်လာတာ မရှိခဲ့ ပါဘူး။

အခွန်တိုးကောက်ဖို့ကို ပြိုင်ဖက် ရီပါ့ဘလစ်ကန်တွေက ငြင်းဆန်နေတယ်လို့ မစ္စတာ အိုဘားမားက ပြောပြီး ဒီဘတ်ဂျက် ဖြတ်တောက်မှုကြောင့် အလုပ်လက်မဲ့တွေ ပေါလာမယ် ၊ စီးပွားရေး တိုးတက်မှုကိုလည်း ထိခိုက် စေလိမ့်မယ်လို့ သူက သတိပေးခဲ့ပါတယ်။

ကာကွယ်ရေး ဝန်ကြီးသစ် ချက်ခ် ဟေဂယ် ကလည်း အခု ဘတ်ဂျတ်ဖြတ်တောက်မယ့် အစီအစဉ်က အမေရိကန် ကာကွယ်ရေး စွမ်းရည်ကို အကြီးအကျယ် ထိခိုက်စေ နိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကွန်ဂရက်မှာ ရီပတ်ဘလစ်ကန်တွေရဲ့ အကြီးအကဲ ဖြစ်တဲ့ ဂျွန်ဘေနာ ကတော့ အခွန်တိုးကောက် တာဟာ ဘတ်ဂျက် လိုငွေပြမှုကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကောင်း မဟုတ်ဘူးလို့ ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။