BBC navigation

ဖိလစ်ပိုင်လက်နက်ကိုင်တွေ မလေးရှားရဲကို တိုက်ခိုက်

နောက်ဆုံး ရေးသားချိန် 3 မတ်လ 2013 - 16:22 GMT

မလေးရှား နိုင်ငံ ဆားဘား ပြည်နယ် ထဲကို ဝင်ရောက် လာတဲ့ ဖိလစ်ပိုင် သေနတ် သမားတွေလို့ သံသယ ရှိသူ တွေနဲ့ မလေးရှား ရဲတပ်ဖွဲ့ အကြား ဒုတိယ အကြိမ် တိုက်ခိုက် မှုတွေ ဖြစ်ပွား ခဲ့ရာ အနည်းဆုံး ရဲ ၅ ဦး သေဆုံး သွားတယ်လို့ မလေးရှား အရာရှိ တွေက ပြောပါတယ်။

ရဲ အရာရှိ တွေဟာ အရှေ့ဘက် ဆားဘား ပြည်နယ် ထဲက ခရိုင်တခု ကနေ မိုင် ၉၀ ကျော် လောက် အကွာမှာ ခြုံခို တိုက်ခိုက် ခံရတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်က မွတ်ဆလင် လက်နက်ကိုင် ၁၀၀ ကျော် လောက်ဟာ အရှေ့ ဆားဘား ပြည်နယ်ကို ပြီးခဲ့တဲ့ လက လှေနဲ့ ရောက်လာ ခဲ့တာ ဖြစ်ပြီး၊ အဲဒီ နယ်မြေဟာ တချိန် တုန်းက ဖိလစ်ပိုင် တောင်ပိုင်းက အစ္စလာမ်မစ် ဆူတန် စော်ဘွားတွေပိုင် ဖြစ်တယ်လို့ ကြေညာ ပြောဆို နေတာ ဖြစ်ပါတယ်။

အခုလို လက်နက်ကိုင် ကျူးကျော် ဝင်ရောက်လာ သူတွေကို မလေးရွား နယ်မြေ ဒေသ သုံးခုမှာ တွေ့ရှိ ရတယ်ဆိုတဲ့ သတင်းတွေ လည်း ရရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။