BBC navigation

တရုတ် ပြည်သူ့ကွန်ဂရက် စပြီ

နောက်ဆုံး ရေးသားချိန် 4 မတ်လ 2013 - 22:59 GMT
china congress

တရုတ်ပြည် အရပ်ရပ်က တိုင်းရင်းသားတွေ တက်ကြ

တရုတ် ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေး ဘေဂျင်းမြို့တော်မှာ မကြာခင် စတင်တော့မှာ ဖြစ်ပါတယ်။

ကိုယ်စားလှယ် ၃ဝဝဝ ကျော် တက်ရောက်ပြီး သီတင်းပတ် ၂ ပတ် ကြာမြင့်မယ့် ဒီညီလာခံကနေ ထိပ်တန်း အစိုးရ ရာထူးတွေကို ခန့်အပ်ဖို့ ရှိပါတယ်။

မနှစ် နှစ်ကုန်ပိုင်း ထဲက စပြီး အစိုးရ ရာထူးတွေကို လဲလှယ် ခန့်ထားမှု စတင်ခဲ့ပါတယ်။

ချမှတ်ပြီးတဲ့ မူဝါဒ ဆုံးဖြတ်ချက်တွေကိုလဲ အချောသတ် အတည်ပြုဖို့ ရှိပါတယ်။

ရာထူးက အနားယူတော့မယ့် တရုတ် ဝန်ကြီးချုပ် ဝမ်ကြားပေါင်က အစိုးရရဲ့ ဒီနှစ် အတွက် ထိပ်တန်း ဦးစားပေး လုပ်ငန်းစဉ်တွေကို အစီရင်ခံတဲ့ မိန့်ခွန်းနဲ့ အစည်းအဝေး အခမ်းအနားကို ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ကွန်မြူနစ် ပါတီ အကြီးအကဲသစ် Xi Jinping နှိုးဆော် နေတဲ့ လူနေမှု အဆင့် မြင့်မားရေး၊ ခြစားမှု တိုက်ဖျက်ရေး ဆိုတဲ့ စကားတွေကို ဒီညီလာခံ ကနေ အကောင်အထည် ဖော်မလား စောင့်ကြည့်ရမယ်လို့ သတင်းထောက်တွေက ပြောဆို သုံးသပ် နေကြပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။