BBC navigation

ကင်ညာ ရွေးကောက်ပွဲ မဲပေးချိန် ထပ်တိုးရ

နောက်ဆုံး ရေးသားချိန် 4 မတ်လ 2013 - 15:32 GMT

လူတန်းရှည်ကြီးဟာ မဲထည့်ဖို့ ဆက်လက် စောင့်ဆိုင်း နေဆဲမို့ အချိန် ထပ်တိုးပေး ခဲ့တာဖြစ်

ကင်ညာ နိုင်ငံ အထွေထွေ ရွေးကောက်ပွဲ တွေမှာ ထောင်နဲ့ ချီတဲ့ မဲဆန္ဒရှင် တွေဟာ ဆက်လက် မဲထည့် နေကြဆဲ ဖြစ်တာမို့ မဲပေး ချိန်ကို နောက်ထပ် ၇ နာရီ ထပ်တိုး ပေးထား ပါတယ်။

နိုင်ငံ နေရာ အတော် များများမှာ ငြိမ်းငြိမ်း ချမ်းချမ်း ရှိခဲ့ပေမယ့် အရှေ့မြောက်ဘက် ကမ်းခြေ ဒေသ မှာတော့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ တာကြောင့် လူ ၁၁ ဦး သေဆုံး သွားပါတယ်။

မဲရုံတွေ မဖွင့်ခင် အချိန်လေး မှာတင် လက်နက်ကိုင် ဂိုဏ်း တဖွဲ့ ကနေ မွန်ဘာဆာ ကမ်းခြေမြို့ အနီးက ကင်းလှည့် ရဲကား တစီးကို တိုက်ခိုက် ခဲ့လို့ ရဲ ၅ ဦး သေဆုံး သွားခဲ့ပါတယ်။

အဲဒီ ကမ်းခြေမြို့ ကနေ အပေါ်တက် သွားမယ် ဆိုရင် တွေ့ရမယ့် ကီလီဖီမြို့ မှာတော့ လူငယ်တွေ ကနေ ဓားတွေနဲ့ မဲရုံ တခုကို တိုက်ခိုက် ခဲ့လို့ လူ ၆ ဦး သေဆုံး သွားခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ပြောတာ ကတော့ မဲလိမ်မှုတွေ လျော့ကျ စေရေး ရည်ရွယ် လုပ်ဆောင် ထားတဲ့ စနစ်သစ်ကြောင့် တချို့ မဲပေးတဲ့ နေရာ တွေမှာ ကြန့်ကြာ မှုတွ ရှိခဲ့ တယ်လို့ ဆိုပါတယ်။

အခု ဆောင်ရွက်မှု အသစ်တွေ ကြောင့် ၂၀၀၇ ခုနှစ်က နောက်ဆုံး မဲပေးပွဲမှာ ဖြစ်ခဲ့ သလို အကြမ်းဖက်မှုတွေ ထပ်မဖြစ် ဖို့ကို လေ့လာ သူတွေက မျှော်လင့် နေကြ ပါတယ်။

ရွေးကောက်ပွဲမှာ အကြိတ် အနယ် ယှဉ်ပြိုင် ရမယ့် နှစ်ဦး ကတော့ လက်ရှိ ဝန်ကြီးချုပ် ရာအီလာ အိုဒင်ဂါ နဲ့ ဒုတိယ ဝန်ကြီးချုပ် အူဟူရှူ ကန်ယာတာ တို့ နှစ်ဦး ဖြစ်ကြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။