BBC navigation

စိန်ခေါ်မှု များလာမယ့် တရုတ် အနာဂတ်

နောက်ဆုံး ရေးသားချိန် 5 မတ်လ 2013 - 11:45 GMT

ဒီမိန့်ခွန်း ဟာ သူ့ရဲ့ အရေးကြီးတဲ့ နောက်ဆုံး မိန့်ခွန်း လည်း ဖြစ်ပါတယ်

ရာထူး ကနေ အနား ယူတော့မယ့် တရုတ် ဝန်ကြီးချုပ် ဝမ်ဂျားပေါင်က၊ တိုင်းပြည်ရဲ့ ရှေ့လာမယ့် ခေါင်းဆောင်သစ် တွေ အနေနဲ့ အဂတိ လိုက်စားမှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု နဲ့ စီးပွားရေး တိုးတက်မှု နှေးကွေး လာနေမှု စတဲ့ ဆိုးဝါး လှတဲ့ ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းရမှာ ဖြစ်တယ်လို့ သတိပေး ပြောကြား လိုက် ပါတယ်။

တရုတ်ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် ညီလာခံ အဖွင့်မှာ မစ္စတာ ဝမ်က အခုလို ပြောကြား လိုက်တာ ဖြစ်ပြီး၊ ဒီမိန့်ခွန်း ဟာ သူ့ရဲ့ အရေးကြီးတဲ့ နောက်ဆုံး မိန့်ခွန်း လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေက အောင်မြင် မှုတွေ ရှိခဲ့ တာကို မစ္စတာ ဝမ်က တခုချင်း ဖေါ်ပြ ပြောဆို သွားပြီး အနာဂတ် မျိုးဆက်သစ် ခေါင်းဆောင်တွေ အနေနဲ့ စိန်ခေါ် မှုတွေနဲ့ ရင်ဆိုင် ရမှာ ဖြစ်တယ်လို့ ပြောကြား သွားပါတယ်။ ဆင်းရဲ ချမ်းသာ ကွားခြားမှာ ကြီးမားလာ နေတဲ့အတွက် လူထု ဘဝ အရည်အသွေးတွေ တိုးတက် ကောင်းမွန်လာအောင် လုပ်ဆောင်ရမယ်လို့ လည်းသူက ပြောပါ တယ်။

သူ့ရဲ့ ပြောဆိုချက် တွေဟာ မကြာခင် သမ္မတ အဖြစ် တရားဝင် ခန့်အပ် တော့မယ့် ကွန်မြူနစ် ပါတီ ခေါင်းဆောင်သစ် ရှီဂျင်ပင်း ရဲ့ သဘောထား တွေနဲ့ သွားတူ နေပါတယ်။

ကာကွယ်ရေး အသုံးစရိတ်

တရုတ်တို့ဟာ သူတို့ရဲ့ စစ်တပ်ကို ခေတ်မီအောင် အလျင် အမြန် ဆောင်ရွက်နိုင်ခဲ့

ကာကွယ်ရေး အသုံးစရိတ်ကို နောက်ထပ် ၁၀ ရာခိုင်နှုန်း ကျော် တိုးမြှင့်မယ်လို့ တရုတ်တို့က ကြေညာလိုက်ပါတယ်။

အရင်နှစ် ကတော့ ၁၁ ရာခိုင်နှုန်း ကျော် တိုးမြှင့်ခဲ့တာ ဖြစ်ပြီး တရုတ်တို့ဟာ သူတို့ရဲ့ စစ်တပ်ကို ခေတ်မီအောင် အလျင်အမြန် ဆောင်ရွက်နိုင်ခဲ့ ပါတယ်။

တရုတ် အိမ်နီးချင်း နိုင်ငံတွေနဲ့ အမေရိကန် ပြည်ထောင်စုတို့က အခုလို တရုတ် စစ်အင်အား ကြီးထွားလာနေ တဲ့အပေါ် စိုးရိမ်ကြောင်း ထုတ်ဖေါ် ပြောဆို ကြ ပေမယ့်လည်း တရုတ်တို့ ကတော့ ကမ္ဘာ့ နိုင်ငံတွေ အနေနဲ့ ဘာမှ စိုးရိမ် စရာ မရှိ ဘူးလို့ ပြောကြား ပါတယ်။

တောင် တရုတ်ပင်လယ် နဲ့ အရှေ့ တရုတ် ပင်လယ် ပြင်မှာ တရုတ်နဲ့ အိမ်နီးချင်း နိုင်ငံတွေ အကြား ရေပိုင်နက် အငြင်းပွား နေတာကြောင့် ဒေသတွင်း တင်းမာ မှုတွေက ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။