BBC navigation

စစ်စာချုပ်ဖျက်မယ်လို့ မြောက်ကိုးရီးယား ခြိမ်းခြောက်

နောက်ဆုံး ရေးသားချိန် 5 မတ်လ 2013 - 15:42 GMT

တတိယမြောက် နျူကလီးယား ဖေါက်ခွဲ စမ်းသပ်မှု ကြောင့် ကုလသမဂ္ဂက အရေးယူဖို့ရှိ

ကိုရီးယား စစ်ပွဲ အဆုံး သတ်စေ ခဲ့တဲ့ စစ်ရပ်စဲရေး စာချုပ်ကို ပယ်ဖျက်ပြီး၊ အမေရိကန်နဲ့ ထားရှိတဲ့ စစ်ဖက် ဆိုင်ရာ အရေးပေါ် တယ်လီဖုန်း လိုင်းကိုလည်း ပိတ်ပစ်မယ်လို့ မြောက် ကိုရီးယားက ခြိမ်းခြောက် ပြောဆို လိုက်ပါတယ်။

နိုင်ငံတကာ ကနေ မြောက်ကိုရီးယား နိုင်ငံရဲ့ နျူကလီးယား အစီ အစဉ် အပေါ် ဖိအား ပေးမှုတွေ တိုးပွား လာနေ တာကို မြောက်ကိုရီးယား တို့က တုံ့ပြန်တဲ့ အနေနဲ့ အခုလို ခြိမ်းခြောက် ပြောဆို လိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား တို့ရဲ့ တတိယမြောက် နျူကလီးယား ဖေါက်ခွဲ စမ်းသပ်မှု အပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှာ အင်္ဂါနေ့ နှောင်းပိုင်း ကျရင် မြောက် ကိုရီးယား အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ထပ်လုပ် မလုပ် ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား တို့ရဲ့ ပူးတွဲစစ်ရေး လေ့ကျင့် နေမှုကို ဆက်လက် လုပ်ဆောင် နေမယ် ဆိုရင် စစ်ရပ်စဲရေး စာချုပ်ကို ဒီလထဲမှ ဖျက်သိမ်း ပစ်မယ်လို့ မြောက်ကိုရီးယား ဗဟို စစ်ကော်မရှင် ဥက္ကဌ ကင်ဂျုံးအန်း က ပြောပါတယ်။

မြောက်ကိုရီးယား တို့ဟာ အရင် ကလည်း အခုလို ခြိမ်းခြောက် ပြော ဆိုတာမျိုး လုပ်ခဲ့ ဖူးပြီး၊ သူတို့ အပေါ် ဒဏ်ခတ် ပိတ်ဆို့ မှုတွေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား တို့ရဲ့ နှစ်စဉ် စစ်ရေး လေ့ကျင် မှုတွေ အပေါ်လည်း အမြဲတမ်း လိုလို ဒေါသ တကြီး တုံ့ပြန်လေ့ ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။