BBC navigation

အစာအိမ်ကင်ဆာ အလွယ်တကူ စမ်းသပ်နိုင်တော့မယ်

နောက်ဆုံး ရေးသားချိန် 6 မတ်လ 2013 - 15:36 GMT
Stomach Cancer

အစာအိမ်ကင်ဆာ ရှိမရှိကို အသက်ရှုစမ်းသပ်မှုကနေ အလွယ်စစ်ပေးနိုင်မယ်လို့ သိရပါတယ်။

ဆေးပညာသုတေသီတွေက အသက်ရှုမှုကနေ အစာအိမ်ကင်ဆာရှိမရှိကို မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ စမ်းသပ်နိုင်တယ်လို့ ထုတ်ဖော် ပြောလိုက်ပါတယ်။

အစ္စရေးနဲ့တရုတ်သိပ္ပံပညာရှင်တွေက ဒီအကြောင်းကို ဗြိတိသျှ ကင်ဆာရောဂါ သုတေသနဂျာနယ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

လူနာ ၁၃၀ ကို စမ်းသပ်ကြည့်တဲ့အခါ မှန်ကန်မှုက ၉၀ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ဆိုပါတယ်။

အခုတော့ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်မှုတွေ ဆက်လုပ်နေပြီး ပိုပြီးတိကျတဲ့ အဖြေတခုထုတ်နိုင်ဖို့ကို ကြိုးစားနေကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။