BBC navigation

ဆီးရီးယားစစ်ပြေးဒုက္ခသည် တသန်းပြည့်သွားပြီ

နောက်ဆုံး ရေးသားချိန် 6 မတ်လ 2013 - 15:24 GMT
Syria Refugee Camp

စစ်ရေးဒုက္ခသည်အရေအတွက်ဟာ တသန်းပြည့်သွားပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂက တရားဝင်ထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းတွေအရ ဆီးရီးယား ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာရတဲ့ မှတ်ပုံတင် ဒုက္ခသည် အရေအတွက်ဟာ အခုလိုဆိုရင် တသန်းပြည့်သွားပြီလို့ သိရပါတယ်။

စစ်ပြေးဒုက္ခသည်အရေအတွက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းမှာ များများနဲ့မြန်မြန် တိုးလာနေပြီး၊ တသန်းရဲ့ သုံးပုံတပုံဟာ ဒီနှစ်ဆန်းပိုင်းက ပဋိပက္ခတွေ အတွင်းမှာ ပြေးလာကြတာတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဆီးရီးယားနဲ့ နယ်စပ်ချင်းထိနေတဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ တနေ့တနေ့ စစ်ပြေးဒုက္ခသည်အသစ် သောင်းနဲ့ချီကို လက်ခံနေကြရပြီး ဆက်လက်ခံဖို့ မဖြစ်တော့ဘူးလို့ ပြောကြပါတယ်။

နိုင်ငံတကာအလှူရှင်တွေက စစ်ပြေးဒုက္ခသည်တွေကို ကူပါမယ်လို့ ကတိပေးထားကြပေမယ့်လို့ အကူအညီပေးရေး အေဂျင်စီတွေကတော့ ဆီးရီးယားဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ လောက်ပဲ ရခဲ့တယ်လို့ စောဒက တက်ကြပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။