BBC navigation

အီတလီ ဝန်ကြီးချုပ်ဟောင်း ထောင်ဒဏ် တစ်နှစ်ချခံရ

နောက်ဆုံး ရေးသားချိန် 7 မတ်လ 2013 - 15:50 GMT
former Italian Prime minister Silbvio Berlusconi

နိုင်ငံရေး ပြိုင်ဘက်ရဲ့ ကြားဖြတ် မှတ်တမ်းကို သတင်း ပေါက်ကြား စေမှုနဲ့ အပြစ်ပေး ခံရတာဖြစ်

အီတလီ ဝန်ကြီးချုပ်ဟောင်း ဆေလ်ဗီယို ဘာလူစ်ကိုနီ Silvio Berlusconi အပေါ် စွဲဆိုထားတဲ့ အမှုပေါင်း များစွာထဲက တစ်မှုအတွက် ထောင်ဒဏ် တစ်နှစ် အီတလီ တရားရုံးက အမိန့် ချမှတ်လိုက် ပါတယ်။

မစ္စတာ ဘာလူစ်ကိုနီဟာ သူ့ရဲ့ နိုင်ငံရေး ပြိုင်ဖက် ရဲ့ ပုဂ္ဂိုလ်ရေး အကြောင်းတွေကို ရဲက ကြားဖြတ် ဖမ်းယူထားတဲ့ မှတ်တမ်းကို သူ့မိသားစုပိုင် သတင်းစာ သိအောင် ပေါက်ကြားစေခဲ့တဲ့ အတွက် အပြစ် ရှိကြောင်း တွေ့ရှိရတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်းရဲ့ ရှေ့နေ ကတော့ ဒီ ဆုံးဖြတ်ချက် အတွက် မစ္စတာ ဘာလူစ်ကိုနီ အယူခံ ဝင်နိုင်ဖို့ မျှော်လင့် ကြောင်းနဲ့ သူ့ကို ထောင်ထဲ မပို့ဖို့ မျှော်လင့် တယ်လို့ ပြောပါတယ်။

မသေချာ မရေရာ သေးတဲ့ အီတလီ အထွေထွေ ရွေးကောက်ပွဲ ပြီးတဲ့နောက် ရာထူး နေရာ ရဖို့ အတွက် နိုင်ငံရေး ပါတီတွေ အချင်းချင်း အလု အယက် တွန်းတိုက် ကြိုးပမ်း နေချိန်မှာ တရားရုံး ရဲ့ အခု ဆုံးဖြတ်ချက်ဟာ မစ္စတာ ဘာလူစ်ကိုနီရဲ့ သြဇာ သက်ရောက်မှု အပေါ် ထိုးနှက်ချက် ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် ကပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။