BBC navigation

ဘင်လာဒင် ပြောခွင့်ရပုဂ္ဂိုလ် ဖမ်းမိ

နောက်ဆုံး ရေးသားချိန် 8 မတ်လ 2013 - 00:37 GMT
bin

အိုစမာ ဘင်လာဒင်ရဲ့ သမက်တော်စပ်သူ Sulaiman Abu Ghaith

အိုစမာ ဘင်လာဒင်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကို အမေရိကန်က ဖမ်းမိပြီးနောက် အကြမ်းဖက်မှု ပုဒ်မ တွေနဲ့ စွဲဆို ခဲ့ပါတယ်။

ကွယ်လွန်သူ အယ်လ်ခိုင်ဒါ ခေါင်းဆောင်ဟောင်းရဲ့ သမက်လဲ ဖြစ်တဲ့ Suleiman Abu Ghaith ဂိတ်သ် ကို တူရကီမှာ ဖမ်းမိပြီး ဂျော်ဒန် ကတဆင့် အမေရိကန် နိုင်ငံ နယူးယော့ ကို ခေါ်လာတယ် ဆိုတဲ့ အတည်မပြု နိုင်တဲ့ သတင်းတွေလဲ ထွက်နေပါတယ်။

အမေရိကန် နိုင်ငံသားတွေကို သတ်ဖြတ်ရန် ကြံစည်မှု၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု လိုမျိုး နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်မယ်လို့ ခြိမ်းခြောက်မှု တွေနဲ့ သူ့ကို သောကြာ နေ့မှာ ရုံးထုတ်ဖို့ ရှိပါတယ်။

သူ့ကို အမေရိကန် မြေပေါ် ခေါ်မလာဘဲ ဂွမ်တာနာမို ပင်လယ်အော်က အကျဉ်းစခန်းမှာ ထားရှိ စစ်ဆေးဖို့လဲ ဆီးနိတ် လွှတ်တော် အမတ်တချို့က တောင်းဆို နေကြပါတယ်။

အမေရိကန် ရဲ့ ရန်သူ တွေကို ရှာဖွေပြီး တရား စီရင် နိုင်ဖို့ အတွက် အချိန်နဲ့ အကွာအဝေး က ပဓာန မကျကြောင်း အမေရိကန် ရှေ့နေချုပ် အဲရစ် ဟိုးလ်ဒါးက ပြောကြား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။