BBC navigation

ဟူဂိုရှာဗက်ဇ် စျာပန သောကြာနေ့မှာ ကျင်းပမယ်

နောက်ဆုံး ရေးသားချိန် 7 မတ်လ 2013 - 00:43 GMT

မစ္စတာ ရှာဗက် အလောင်း သယ်လာရာ လမ်းတလျှောက်

ဗင်နီဇွဲလား နိုင်ငံမှာ သမ္မတ ဟူဂိုရှာဗက်ဇ်ရဲ့ ရုပ်ကလပ်ကို တင်လာတဲ့ယာဉ်ဟာ Caracas မြို့က စစ်တပ် လေ့ကျင့်ရေး ကျောင်းဝင်းထဲကို ရောက်လာပါပြီ။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ကွယ်လွန်သွားတဲ့ ရှာဗက်ရဲ့ ရုပ်ကလပ်ကို သောကြာနေ့ အထိ အဲဒီကျောင်းဝန်းထဲမှာ ထားပြီး နိုင်ငံတော် အခမ်းအနားနဲ့ စျာပန ချမယ်လို့ သိရပါတယ်။

မစ္စတာ ရှာဗက် အသက်မပျောက်ခင် အချိန်ထိ ဆေးကုသမှု ခံယူခဲ့တဲ့ စစ်ဆေးရုံကနေ ရှစ်ကီလိုမီတာ အကွာထိ သယ်ဆောင်လာတဲ့ လမ်းတလျှောက်မှာ ရာထောင်ချီတဲ့ သူ့ထောက်ခံသူတွေနဲ့ ပြည့်နှက်နေတာကြောင့် ခုနှစ်နာရီလောက် ကြာအောင် ဖြတ်သန်း သယ်ယူခဲ့ရပါတယ်။

လမ်းတလျောက် လူအများအပြားဟာ ငိုကြွေး နေကြသလို တချို့ကလည်း သူတို့ခေါင်းဆောင် မစ္စတာ ရှာဗက်ရဲ့ ဓါတ်ပုံတွေ ကိုင်ထားကြပြီး တချို့ကတော့ ဗင်နီဇွဲလား အလံဖုံးထားတဲ့ ရုပ်အလောင်း ပေါ်ကို ပန်းတွေနဲ့ ပစ်ပေါက် ဂုဏ်ပြုခဲ့ကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။