BBC navigation

မမှန်မကန် အစ္စရေး ထုတ်ကုန်လို့ ဖော်ပြ

နောက်ဆုံး ရေးသားချိန် 9 မတ်လ 2013 - 01:04 GMT

အစ္စရေး ကတ်ဘိနက် အစည်းအဝေး

နိုင်ငံတကာက အသိအမှတ် ပြုထားတာ မဟုတ်တဲ့ အစ္စရေး နယ်မြေ အပြင်ဖက် ၊ ဂျူးအခြေချ နယ်မြေက ထွက်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်တဲ့ အရပ် အမည် သေသေချာချာ ဖော်ပြဖို့ ကုန်ပစ္စည်း ဖြန့်ဖြူးသူတွေကို ဒတ်ချ် အစိုးရက အကြံပေးခဲ့ပါတယ်။

အဲဒီ ဂျူးအခြေချ ဒေသထွက် ပစ္စည်းတွေကို အစ္စရေး ထုတ်ကုန်အဖြစ် ဖော်ပြထားတာဟာ နိုင်ငံတကာ ဥပဒေ အရ မမှန်ဘူးလို့ ဒတ်ချ် အရာရှိ တွေက ပြောပါတယ်။

ဒီဆောင်ရွက်ချက်က စီးပွားရေး ပိတ်ဆို့တဲ့ သဘောလား ဆိုတာကိုတော့ အရင်တုန်းက အစ္စရေးနဲ့ နီးနီးစပ်စပ် ဆက်ဆံရေး ရှိခဲ့တဲ့ နယ်သာလန် ဖက်က ငြင်းဆိုခဲ့ ပါတယ်။

ဒါပေမယ့် အခုလို ပြောင်းလဲမှုတွေက ဂျူးအခြေစိုက် စခန်းက တင်ပို့တဲ့ ပစ္စည်းတွေကို သပိတ်မှောက်တဲ့ အထိ ဦးတည်သွားစေနိုင်တယ်လို့ နယ်သာလန်က အစ္စရေး သံအမတ်က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။