BBC navigation

စိတ်လှုပ်ရှားဖွယ် ကင်ညာ ရွေးကောက်ပွဲ

နောက်ဆုံး ရေးသားချိန် 9 မတ်လ 2013 - 00:44 GMT

ရှေ့က ပြေးနေတဲ့ Uhuru Kenyatta

ကင်ညာနိုင်ငံ သမ္မတ ရွေးကောက်ပွဲရဲ့ မဲတွေ အကုန် ရေတွက်ပြီးလုနီးပါး ဖြစ်နေချိန်မှာ Uhuru Kenyatta ဟာ သိသိသာသာ ရှေ့က ပြေးနေပေမယ့် ဒုတိယအကျော့ ထပ်မပြိုင်ရအောင် လိုအပ်တဲ့ အခြေအနေ ဖြစ်တဲ့ မဲအားလုံးရဲ့ ၅ဝ% ကျော် ရပါ့မလား ဆိုတာကတော့ မသေမချာ ဖြစ်နေပါတယ်။

ရွေးကောက်ပွဲ ကျင်းပပြီး ငါးရက်အကြာ ဒီနေ့ စနေနေ့မှာ တရားဝင် နောက်ဆုံး ရလဒ်တွေ ကြေညာမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

ဒီရွေးကောက်ပွဲ စိတ်လှုပ်ရှားစရာကောင်းတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ နိုင်ရိုဘီမြို့က ဘီဘီစီ သတင်းထောက် တယောက်က ဆိုပါတယ်။

မစ္စတာ ကင်ညက်တာဟာ ပြီးခဲ့တဲ့ ၂ဝဝရ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ် တရားရုံးမှာ အမှု ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။