BBC navigation

ကမ္ဘာကို အုပ်ချုပ်မယ့် ဣတ္ထိယ

နောက်ဆုံး ရေးသားချိန် 8 မတ်လ 2013 - 18:33 GMT

မိန်းမတွေ ကမ္ဘာကို အုပ်ချုပ်မယ့် ကိစ္စဟာ အခု အချိန် အလေးထား ပြောကြား သင့်ပြီလို့ ဆို

ဘီဘီစီ ကမ္ဘာ တလွှား ရဲ့ 'What if' ဆိုတဲ့ အစီ အစဉ် ကနေ 'အကယ်၍သာ အမျိုး သမီးတွေ ကမ္ဘာကို အုပ်ချုပ်မယ် ဆိုရင်' ဆိုတဲ့ အစီ အစဉ်ကို တင်ဆက်ခဲ့ ပါတယ်။

အမေရိကန် အိမ်ဖြူတော်ရဲ့ ပြန်ကြားရေး အတွင်းဝန် ဒီဒီ မာယာ ကတော့ အမျိုး သမီးတွေ ကမ္ဘာကို အုပ်ချုပ် နိုင်မယ့် ကိစ္စက အရင်တုန်း ကတော့ လုံးဝ မဖြစ် နိုင်တဲ့ ကိစ္စ တခု အဖြစ် မြင်ကြ ပေမယ့် အခု အချိန် မှာတော့ တကယ်ကို အလေး အနက်ထား ပြောကြား သင့်တယ်လို့ ဆိုပါတယ်။

ခေါင်းဆောင်မှု ပိုင်းမှာ အရေးကြီး ခက်ခဲတဲ့ ဆုံးဖြတ် ချက်တွေ ချနိုင်ဖို့ လိုအပ်တဲ့ အရည် အချင်းတွေ ဖြစ်တဲ့ ဉာဏအား ကောင်းမွန်မှု နဲ့ ခံစားချက် ထိန်းချုပ် မှုတွေမှာ အမျိုး သမီးတွေ ဟာ အမျိုးသား တွေထက် အားနည်း တယ်လို့ ဇီဝဗေဒ ပညာရပ် က တွေ့ရှိခဲ့ပါတယ်။

ဒါပေမယ့် အလုပ်ခွင် တွေမှာ အမျိုး သမီးတွေ ပါဝင် နေရာ ရလာရင် ပိုမို ကောင်းမွန် တဲ့ ရလဒ် တွေကို တွေ့လာ ရတယ်လို့ နောက်ဆုံး လေ့လာတွေ့ ရှိချက်တွေ အရ သိရပါတယ်။

အမျိုး သမီးဟာ အမျိုးသားတွေ လုပ်တဲ့ အတိုင်း ဤသည် မရွေး လိုက်လုပ် စရာမလိုပဲ ကိုယ့်ထဲက တကယ်ရှိတဲ့ အရည် အချင်းတွေကို ထုတ်ဖော်ဖို့ လိုတယ်လို့ နိုင်ငံ တကာ ငွေကြေး ရံပုံငွေ အဖွဲ့ရဲ့ အလုပ် အမှုဆောင် ဒါရိုက်တာ ခရစ္စတင်း လီဂဒ်က သူမရဲ့ အယူ အဆကို ထုတ်ဖော် ပြောကြားခဲ့ ပါတယ်။

လူတဦးနဲ့ တဦး ပြောဆို ဆက်ဆံနဲ့ နေရာမှာ အမျိုး သမီးတွေဟာ အမျိုးသား တွေ ထက်စာရင် တဖက်သားကို ပိုပြီး နားထောင် အာရုံစိုက် သလို အားပေးမှုနဲ့ နားလည်မှု ရယူနိုင်တဲ့ သူတွေ ဖြစ်တယ်လို့ လေ့လာ တွေ့ရှိချက်တွေက ဆိုပါတယ်။

ဒါကြောင့် ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာမှာ အမျိုးသမီးတွေ ပိုပြီး ပါဝင် သင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဒေါက်တာ ကွန်ဒို လီဇာရိုက်စ် က ပြောပါတယ်။

အမျိုး သမီးတွေကို လုပ်ပိုင်ခွင့် အာဏာ ပေးတာဟာ မှန်ကန်တဲ့ လုပ်ရပ် ဆိုတာထက် လိုအပ်တဲ့ လုပ်ရပ် ဖြစ်ကြောင်း အမျိုး သမီးတွေ ကမ္ဘာ့ အလယ်မှာ တနေ့ထက် တခြား နေရာ ယူလာ နိုင်တွေက သက်သေ ပြနေ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။