BBC navigation

ကင်ညာရွေးကောက်ပွဲ ကန်ယာတာ အနိုင်ရ

နောက်ဆုံး ရေးသားချိန် 9 မတ်လ 2013 - 16:09 GMT

ကန်ယာတာဟာ မဲ အရေအတွက် ၅၀ ဒဿမ ၀၇ ရာခိုင်နှုန်းနဲ့ ပွတ်ကာ သီကာ အနိုင် ရရှိ

ကင်ညာ သမ္မတ ရွေးကောက် ပွဲမှာ အနိုင် ရရှိ သွားတဲ့ အူဟူရူ ကန်ယာတာက ရွေးကောက်ပွဲ မှာ ရှုံးနိမ့် ခဲ့တဲ့ သူ့ပြိုင်ဖက် ရာအီလာ အိုဒင်ဂါနဲ့ အတူ လက်တွဲ သွားမှာ ဖြစ်တယ်လို့ ကတိပေး ပြောကြား လိုက်ပါတယ်။

သူ့အဆို ကင်ညာ ပြည်သူတွေ အားလုံးကို တန်းတူ ညီတူ ဆက်ဆံကာ အလုပ် အကျွေး ပြုသွားမှာ ဖြစ်တယ်လို့ ပြောကြား သွားပါတယ်။

တနင်္လာနေ့က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ မစ္စတာ ကန်ယာတာဟာ မဲ အရေအတွက် ၅၀ ဒဿမ ၀၇ ရာခိုင်နှုန်းနဲ့ ပွတ်ကာ သီကာ အနိုင် ရရှိ သွားတာ ဖြစ်ပါတယ်။

တကယ်လို့ မဲအရေ အတွက် ၅၀ ရာခိုင်နှုန်း မကျော်ဘူး ဆိုရင် နောက်တကျော့ ရွေးကောက်ပွဲ လုပ်ပြီး မဲ အရေ အတွက် အများဆုံး နှစ်ဦးတည်း ပြန်ယှဉ်ပြိုင် ကြရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ပြိုင်ဖက် မစ္စတာ အိုဒင်ဂါ ကတော့ ဆူပူ မှုတွေ ရှိခဲ့ တာကြောင့် ရွေးကာက်ပွဲကို ထိခိုက် မှုတွေ ရှိခဲ့ ကြောင်း၊ ဒီအတွက် ရွေးကောက်ပွဲ ရလဒ်ကို လက်ခံမှာ မဟုတ်ဘဲ တရားရုံးကို တင်ပြ သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီမိုကရေစီဟာ အစမ်းသပ် ခံနေရတယ် လို့လည်း သူက ပြောကြား လိုက်ပြီး၊ အကြမ်းဖက်မှု တစုံ တရာ ဖြစ်ခဲ့မယ် ဆိုရင်တော့ တိုင်းပြည် ပြိုကျ ပျက်စီး စေမှာ ဖြစ်တယ် လို့ သူက သတိပေး သွားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အစ်ဆက် ဟာဆန် ကတော့ နည်းပညာပိုင်း ဆိုင်ရာ အခက် အခဲ ရှိလင့်ကစား ရွေးကောက်ပွဲဟာ ထင်သာ မြင်သာ ရှိပြီး၊ ယုံကြည်နိုင် စရာ ဖြစ်ခဲ့တဲ့ အတွက် ကျေနပ် မိတယ်လို့ ပြောကြား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။