BBC navigation

နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းမယ်လို့ ကင်ညက်တာ ဆို

နောက်ဆုံး ရေးသားချိန် 10 မတ်လ 2013 - 00:15 GMT

ရွေးကောက်ခံ သမ္မတ Uhuru Kenyatta

နိုင်ငံတကာ ရာဇဝတ် တရားရုံးမှာ အမှု ရင်ဆိုင်နေရတဲ့ ကင်ညာသမ္မတသစ် အူရူ ကင်ညက်တာက သူ့နိုင်ငံရဲ့ အချုပ်အချာ အာဏာကို လေးစားဖို့ တကမ္ဘာလုံးကို တိုက်တွန်း လိုက်ပါတယ်။

အပြန်အလှန် အားဖြင့် သူကလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အတူ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ မစ္စတာ ကင်ညက်တာက ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့နောက် ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ဆိုသွားခဲ့ပါတယ်။

သူနဲ့ အတူ ရွေးကောက်ပွဲ ပြိုင်ဖက် တယောက် ဖြစ်တဲ့ ဝီလီယမ် ရူတို တို့ဟာ ၂ဝဝရ ရွေးကောက်ပွဲ နောက်ပိုင်း အကြမ်းဖက်မှုမှာ ပါဝင် ပတ်သက်တယ် ဆိုပြီး လူသားတွေ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ တရားစွဲ ခံထားရတာ ဖြစ်ပါတယ်။

ရှုံးနိမ့်သွားတဲ့ ရိုင်လာ အိုဒင်းဂါး ကတော့ ရွေးကောက်ပွဲ ရလဒ်ကို တရားဥပဒေကြောင်း အရ စိန်ခေါ် ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုတွေ မကျူးလွန်ဖို့ကိုလည်း သူ့ကို ထောက်ခံသူတွေကို ပန်ကြားခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။