BBC navigation

ဖေါကလန်ကျွန်း အနာဂတ် ဆန္ဒခံယူ

နောက်ဆုံး ရေးသားချိန် 10 မတ်လ 2013 - 16:35 GMT

ဖောကလန်ကျွန်းစုကို အာဂျင်တီးနားက မယ်ဗီးနတ်စ် ကျွန်းစုလို့ ခေါ်ပါတယ်

ဖောကလန် ကျွန်းစုကို နိုင်ငံ ရပ်ခြား မှာရှိတဲ့ ဗြိတိန် နယ်မြေပိုင် အဖြစ် ဆက်လက် ထားရှိ မလား၊ မထားရှိ ဘူးလား ဆိုတဲ့ ဆန္ဒခံယူပွဲမှာ ဖောကလန် ပြည်သူတွေ မဲပေးနေ ကြပြီ ဖြစ်ပါတယ်။

အာဂျင်တီးနား ကတော့ ဒီဖောကလန် ကျွန်းစုဟာ သူတို့ရဲ့ အချုပ် အချာပိုင် နယ်မြေ ဖြစ်တယ်လို့ အလေးအနက် ဆက်လက် ပြောကြားနေပါတယ်။

ဖောကလန်ကျွန်းစုကို အာဂျင်တီးနားက မယ်ဗီးနတ်စ် ကျွန်းစုလို့ ခေါ်ပါတယ်။

ဆန္ဒခံ ယူပွဲမှာ ဖောကလန်ကို လက်ရှိ ဗြိတိန် နယ်မြေ အဖြစ် ဆက်လက် ထားရှိ ဖို့ကို ထောက်ခံမဲ ပေးလိမ့် မယ်လို့ အများကြီး မျှော်လင့် ရပါတယ်။

အာဂျင်တီးနား တပ်ဖွဲ့ တွေဟာ ဖောကန်လန် ကျွန်းကို ၁၉၈၂ ခုနှစ် တုန်းက သိမ်းပိုက် ခဲ့ရာ ကနေ စစ်ပွဲ ဖြစ်ပွားပြီး နောက်ပိုင်း၊ ဗြိတိသျှ တပ်ဖွဲ့တွေ အနိုင် ရရှိ သွားတာ ဖြစ်ပါတယ်။

အခု ဆန္ဒခံယူပွဲမှာ မဲပေးနိုင်သူ အရေ အတွက် ၂ ထောင် အောက်သာ ရှိတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အာဂျင်တီးနား သမ္မတ ကတော့ ဒီ ဆန္ဒခံ ယူပွဲဟာ ကျွန်းသူ ကျွန်းသားတွေရဲ့ ဆန္ဒ အမှန်ကို ပေးမှာ မဟုတ်ဘူးလို့ ပြောကြားပါတယ်။ ဒီအတွက် ဖေါကလန် အရေးကို ကုလသမဂ္ဂမှာသာ အဆုံး အဖြတ် ယူသင့် တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။