BBC navigation

ဓါးစားခံ ၇ ယောက် အသတ်ခံရပြီလို့ ယူဆ

နောက်ဆုံး ရေးသားချိန် 11 မတ်လ 2013 - 00:54 GMT

Ansaru အဖွဲ့ ဓါတ်ပုံ

နိုင်ဂျီးရီးယား နိုင်ငံမှာ စစ်သွေးကြွ အကြမ်းဖက် အဖွဲ့က ပြောတဲ့အတိုင်း နိုင်ငံခြားသား ဓါးစားခံ ၇ ယောက် အသတ်ခံလိုက်ရပြီလို့ ယူဆရကြောင်း ဗြိတိန် ၊ အီတလီနဲ့ ဂရိ နိုင်ငံတွေက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဒါဟာ သွေးအေးအေးနဲ့ လုပ်တက်တဲ့ လူသတ်သမားတွေရဲ့ လုပ်ရပ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ဆိုပါတယ်။

ပြီးခဲ့တဲ့ လတုန်းက နိုင်ဂျီးရီးယား နိုင်ငံမြောက်ပိုင်း ဆောက်လုပ်ရေး ခွင်တခုက လူ ၇ ယောက်ကို အန်ဆာရူ ဆိုတဲ့ အစွန်းရောက် အဖွဲ့က ဖမ်းဆီး သွားခဲ့တာ ဖြစ်ပါတယ်။

ဓါးစားခံတွေဟာ ဗြိတိန် ၊ အီတလီ ၊ ဂရိနဲ့ လက်ဘနွန် နိုင်ငံသား တွေဖြစ်ပြီး ဗြိတိန်နဲ့ နိုင်ဂျီးရီးယား တပ်ဖွဲ့တွေကနေ ဒီဓါးစားခံတွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့တာကြောင့် သတ်လိုက်တာလို့ အဲဒီ အစွန်းရောက် အဖွဲ့က ပြောပေမယ့် အီတလီ ကတော့ ဒါဟာ မမှန်ဘူးလို့ ဆိုပါတယ်။

အန်ဆာရူ ဟာ အစ္စလာမ် ဝါဒီ နဲ့ ဘိုခို ဟာရမ် အဖွဲ့က ခွဲထွက်လာတဲ့ အဖွဲ့ ဖြစ်ပြီး နိုင်ဂျီးရီးယား မှာ နှစ်နဲ့ချီပြီး တိုက်ခိုက်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။