BBC navigation

ဟွမ်ပုမြစ်ထဲ ဝက်သေတွေမျောနေ

နောက်ဆုံး ရေးသားချိန် 11 မတ်လ 2013 - 01:12 GMT

Huangpu မြစ်ကို ရှန်ဟိုင်းမြို့သားတွေ သောက်ရေ အဖြစ် အားကိုးနေရ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့နားက Huangpu မြစ်ထဲမှာ သေနေတဲ့ ဝက်အကောင် ကိုးရာလောက် မျောနေတာ တွေ့ရပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေက ဒီဝက်သေတွေကို ပြန်ဆယ်ပြီး ဘာကြောင့် အခုလို ဖြစ်ရသလဲ ဆိုတာကို စုံစမ်း စစ်ဆေး နေကြပါတယ်။

ဒီဝက်တွေဟာ ရေနစ်သေသွားကြတာလား ၊ ဒါမှမဟုတ် ရောဂါ ကပ်ဆိုး တခုခုကြောင့် သေသွားကြတာလား ဆိုတဲ့ အထောက်အထားတွေတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။

ရှန်ဟိုင်းမြို့သူ မြို့သားတွေ သောက်သုံးနေတဲ့ ဒီဟွမ်ပု မြစ်ရေရဲ့ အရည်အသွေးကိုတော့ အရာရှိတွေက စမ်းသပ်မှု လုပ်နေကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။