BBC navigation

ဗြိတိန်ဝန်ကြီးဟောင်းကို ထောင် ၈ လ ချမှတ်

နောက်ဆုံး ရေးသားချိန် 12 မတ်လ 2013 - 00:50 GMT
Huhne

ဝန်ကြီးဟောင်း Chirst Huhne နဲ့ ဇနီးဟောင်း

ဗြိတိန်မှာ မကြာခင်ကမှ ဝန်ကြီးတစ်ဦးအဖြစ်က နှုတ်ထွက်ပေးခဲ့ရတဲ့ Christ Huhne နဲ့ သူရဲ့ ဇနီးဟောင်း Vicky Pryce ကို တရားဥပဒေလမ်းကြောင်း သွေဖြည်မှု နဲ့ ထောင် ၈ လ စီ ချမှတ်ခံခဲ့ ရပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်က မစ္စ ပရိုက်စ်ဟာ အဲဒီအချိန်က သူ့ခင်ပွန်း မစ္စတာ Huhne က ကားကို သတ်မှတ် အမြန်နှုန်းထက် ပိုမောင်းခဲ့ပေမယ့် သူ့ခင်ပွန်း ကားမောင်းခွင့် ထိခိုက်မှာ စိုးလို့ ဇနီးက အနစ်နာခံပြီး သူမောင်းခဲ့ တာလို့ လိမ်လည် ပြောခဲ့ပါတယ်။

မစ္စတာ ဟူးန် ကတော့ သူဟာ ခဏ ခဏ လိမ်လည် ထွက်ဆိုခဲ့တယ်၊ နောင်တလည်း ရမိတယ်လို့ ထောင် အချ မခံရခင်လေးမှာ Channel 4 သတင်းကို ပြောခဲ့ပါတယ်။

ဒါပေမယ့် ဒီလိမ်လည်မှုဟာ မစ္စတာ ဟူးနဲ့ သူ့ဇနီးတို့ အိမ်ထောင်ကွဲကြပြီးတဲ့ နောက်ပိုင်းမှာမှ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က စွမ်းအင် ဝန်ကြီးအဖြစ်က နှုတ်ထွက်ခဲ့ရတဲ့ မစ္စတာ ဟူးန်က သူ့မိသားစု အတွက်ရော၊ မစ္စ ပရိုက်စ် အတွက်ပါ ထိခိုက်မှုတွေ ဖြစ်ရလို့ စိတ်မကောင်း ဖြစ်ရတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။