BBC navigation

လူမဆန်တဲ့ရာဇဝတ်မှုနဲ့ မြောက်ကိုးရီးယား စွပ်စွဲခံရ

နောက်ဆုံး ရေးသားချိန် 12 မတ်လ 2013 - 00:42 GMT
Marzuki Darusman

ကုလ စုံစမ်းစစ်ဆေးရေးမှူး ဒါရူစမန်

မြောက်ကိုးရီးယားအစိုးရဟာ သူ့ရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေ အတွက် နိုင်ငံတကာက ဖိအားပေး ခံနေ ရချိန်မှာပဲ လူမဆန်နဲ့ ရာဇဝတ်မှုတွေကို စနစ်တကျ ကျူးလွန် နေတယ်လို့ နောက်ထပ် စွပ်စွဲမှုတွေ ထပ်ပြီး ထွက်ပေါ် လာပါတယ်။

ကုလသမဂ္ဂရဲ့ မြောက်ကိုးရီးယားဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး Marzuki Darusman က မြောက် ကိုးရီးယား အစိုးရဟာ နှိပ်စက် ညှဉ်းပမ်းမှု၊ လူထုကို အစားအစာ မလောက်မငှ ဖြစ်စေမှု၊ နောက်ပြီး တရားမဝင် အကျဉ်းစခမ်းတွေ အသုံးပြုမှု အပါအဝင် ကဏ္ဍ ၉ ခုမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပြီး တချို့အမှုတွေက လူမဆန်တဲ့ ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ပြောပါတယ်။

အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေကလည်း မြောက်ကိုးရီးယား အရေး နိုင်ငံတကာ ကော်မရှင် တရပ်အနေနဲ့ စုံစမ်း စစ်ဆေးဖို့ ဆော်သြ နေပါတယ်။

တောင်မြောက် ကိုးရီးယား နှစ်နိုင်ငံ ကြားမှာလည်း တင်းမာမှုတွေ ဆက်ရှိနေပြီး မြောက်ကိုးရီးယားရဲ့ နျူကလီးယား အစီအစဉ်ကြောင့် ကုလသမဂ္ဂက ပိတ်ဆို့အရေးယူမှု လုပ်တာကို လက်တုံ့ပြန်မယ်လို့ မြောက် ကိုးရီးယားက ခြိမ်းခြောက် နေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။