BBC navigation

ဆူဒန်နှစ်နိုင်ငံ သဘောတူချက်ရ

နောက်ဆုံး ရေးသားချိန် 13 မတ်လ 2013 - 01:47 GMT

တောင်ပိုင်း ဆူဒန် ခေါင်းဆောင်တွေ

တောင်ပိုင်း ဆူဒန် နိုင်ငံ နယ်စပ် စစ်မဲ့ဇုန်ကနေ သူတို့တပ်တွေ စရုပ်သိမ်းနေပြီလို့ ဆူဒန် သမ္မတ နိုင်ငံရဲ့ စစ်တပ်က ပြောပါတယ်။

၂ဝ၁၁ ခုနှစ် တောင်ပိုင်း ဆူဒန် နိုင်ငံ လွတ်လပ်ရေး ရပြီးတဲ့နောက် တင်းမာမှုတွေ ဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ သီတင်းပတ်တုန်းကတော့ နှစ်နိုင်ငံကြား ပြေလည်ရေး သဘောတူချက် လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား ရေနံ သယ်ပို့ရေးခ ပေးချေမှုနဲ့ ပတ်သက်လို့ တနှစ်ကြာ အငြင်းပွားမှု ဖြစ်ခဲ့တာကို အဆုံးသတ်ပြီး ရေနံတွေ စထုတ်တော့မယ်လို့ တောင်ပိုင်း ဆူဒန်နိုင်ငံ ရေနံနဲ့ သတ္တုတွင်း ဝန်ကြီး စတီဗင် ဒယူးက ပြောပါတယ်။

နှစ်နိုင်ငံကြား စေ့စပ် ဖြန်ဖြေပေးခဲ့တဲ့ အာဖရိက သမဂ္ဂကလည်း တောင်ပိုင်း ဆူဒန်က သီတင်း နှစ်ပတ် အတွင်း ရေနံတွေ ပြန်ထုတ်ပြီး လုပ်ငန်း ပြန်လည်ပတ် တာနဲ့ ပြည်ပ တင်ပို့မှုတွေ လုပ်ဆောင်သွားမယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။