BBC navigation

တူနီးရှားမှာ ကိုယ့်ကိုကိုယ် မီးရှို့သူ သေဆုံး

နောက်ဆုံး ရေးသားချိန် 13 မတ်လ 2013 - 17:06 GMT
Tunisia Pialiment

နိုင်ငံရေး မတည်ငြိမ်မှု ဖြစ်နေ ချိန်မှာ ကိုယ့်ကို ကိုယ် မီးရှို့ မှု ဖြစ်ခဲ့

တူနီးရှား နိုင်ငံ တူးနစ် မြို့တော်မှာ ကိုယ့်ကိုကိုယ် မီးရှို့ ခဲ့တဲ့ အလုပ် လက်မဲ့ အမျိုးသားဟာ မီးလောင် ဒဏ်ရာ တွေကြောင့် သေဆုံး သွားခဲ့ပြီ ဆိုတဲ့ သတင်းတွေ ရရှိ ပါတယ်။

Adel Khadri ဆိုသူ ဟာ ဒီကနေ့ မနက်ကပဲ သေဆုံး သွားခဲ့တယ်လို့ ပြင်းထန်တဲ့ မီးလောင် ဒဏ်ရာတွေ အတွက် သူ ဆေးကုသမှု ခံယူနေတဲ့ ဆေးရုံက ဆရာဝန် တစ်ယောက်က ပြောပါတယ်။

အင်္ဂါနေ့တုန်းက တူးနစ် မြို့တော်မှာ Adel Khadri သူ့ကိုယ်သူ မီးရှို့ ခဲ့တာဟာ လွန်ခဲ့တဲ့ နှစ်နှစ်က အာရပ် နွေဦး တော်လှန်ရေး စတင် ဖြစ်ပွား စေခဲ့တဲ့ Mohamed Bouazizi ရဲ့ ကိုယ့်ကိုကိုယ် မီးရှို့ အဆုံးစီရင်ခဲ့မှု ကို ပြန်ပြောင်း အမှတ်ရစေဖို့ အလားတူ လူပ်ဆောင်တာ ဖြစ်ပါတယ်။

မကြာသေးခင်က အတိုက် အခံ ခေါင်းဆောင် လုပ်ကြံခံခဲ့ရ အပြီး ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အကျပ် အတည်း ပြဿနာတွေ ရှိနေတဲ့ အချိန်မှာ အခု Adel Khadri သေဆုံးမှု ဖြစ်ခဲ့ တာလည်း ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။