BBC navigation

ပုပ်ရမင်းကြီးသစ် ပထမဆုံး တရားမြွက်ကြား

နောက်ဆုံး ရေးသားချိန် 14 မတ်လ 2013 - 17:31 GMT

သူ့ရဲ့ ဟောကြားချက် တွေဟာ လက်တွေ့ ကျကာ ပိုမို ရိုးစင်းမှု ရှိတယ်လို့ သတင်း ထောက်တွေပြော

ရိုမန် ကက်သလစ် အသင်းတော် ကြီးရဲ့ သာသနာပိုင် အဖြစ် ဗုဒ္ဓဟူး နေ့က ရွေးကောက် တင်မြောက် ခံရပြီး၊ ပုပ်ရဟန်း မင်းကြီးသစ် ဖြစ်လာတဲ့ ဖရန်စစ် ဟာ ကြာသပတေး နေ့မှာ ရောမမြို့ စစ်စတိန်း ကျောင်းတော်ကြီးမှာ ပထမဆုံး တရားတော် မြွက်ကြားကာ ဝတ်ပြု ဆုတောင်းပွဲ အခမ်း အနားကို ပြုလုပ်ခဲ့ ပါတယ်။

သူ့ရဲ့ သြဝါဒ မိန့်ကြားချက် ထဲမှာ ကက်သလစ် အသင်းတော်ကြီး အပေါ် သူ့ရဲ့ အမြင်ကို ထုတ်ဖေါ် ပြောကြား သွားခဲ့ပြီး၊ သူ့ရဲ့ ပြောပုံ ဆိုပုံ တွေဟာ လက်တွေ့ ကျကာ အရင် ပုပ် ရဟန်းမင်းတွေ ထက်ကို ပိုမို ရိုးစင်းမှု ရှိတယ်လို့ ဗာတီကန် မှာရှိတဲ့ ဘီဘီစီ သတင်းထောက် ပြောပါတယ်။

အစောပိုင်း တုန်းကတော့ ပုပ်ရဟန် မင်းကြီးဟာ ကျောင်းတော်ကြီး ထဲမှာ တခြား ဘုန်းတော်ကြီး တွေနဲ့ အတူ ဝတ်ပြု ဆုတောင်းမှုတွေ စတင် ခဲ့ပြီးနောက်၊ စာသင်ကျောင်း တခုကို သွားရောက်ကာ ကလေးတွေကို နှုတ်ဆက် ခဲ့ပါတယ်။ လမ်းမှာ တွေ့ရှိ ရတဲ့ အလုပ်သွားလာ နေကြ သူတွေ ကိုလည်း ပုပ်ရဟန်း မင်းကြီးက နှုတ်ဆက် ခဲ့ပါတယ်။

အဲဒီ နောက်ပိုင်းတော့ ပုပ်ရဟန်းမင်း ရွေးပွဲ မတိုင်ခင် သူတည်းခို ခဲ့တဲ့ ဟော်တယ်ကို သွားရောက်ပြီး ဟော်တယ်ခ ပေးခဲ့ သလို၊ အဲဒီက ဝန်ထမ်း တွေကိုလည်း တွေ့ဆုံ နှုတ်ဆက်ခဲ့ ပါတယ်။

နောက်ပြီး ဗာတီကန်မှာ သူ့အတွက် တာဝန် ထမ်းဆောင် ပေးမယ့် ထိပ်တန်း အဆင့်မြင့် အရာရှိတွေ ကိုလည်း ခန့်အပ်ဖို့ လုပ်ငန်းတွေ စတင်ဖို့ လည်း ရှိပါ တယ်။

အာဂျင်တီးနား သမ္မတ ဖြစ်သူ Cristina Fernandez de Kirchner ကလည်း ပုပ် ဖရန်ဆစ်ဟာ အများ ပြည်သူတွေ အကြား၊ ဘာသာရေး ယုံကြည် မှုတွေ အကြား ကြီးမြတ်တဲ့ နားလည် မှုတွေ ရအောင် ဆောင်ရွက် ပါလိမ့်မယ်လို့ ဆန္ဒပြု ပြောကြားခဲ့ ပါတယ်။

ဒီသီတင်းပတ် ကုန်မှာတော့ သောတရှင်တွေ အတွက် အထူး အစီအစဉ် တခုမှာ ကမ္ဘာ့ သတင်း မီဒီယာတွေနဲ့ ပုပ်ရဟန်းမင်း တွေ့ဆုံ မယ်လို့ မျှော်လင့်ရ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။