BBC navigation

ဆီးရီးယားသူပုန်ကို လက်နက်ကူညီဖို့ တိုက်တွန်း

နောက်ဆုံး ရေးသားချိန် 15 မတ်လ 2013 - 16:16 GMT

ဆီးရီးယား လွတ်မြောက်ရေး တပ်ဖွဲ့ဝင် တချို့ လက်နက် ပြင်ဆင်မှုတွေ ပြုလုပ်နေ

ဆီးရီးယား သူပုန် တပ်ဖွဲ့တွေကို လက်နက် အထောက် အပံ့ မပေးဖို့ တားမြစ် ထားချက်ကို ပြန်ရုပ်သိမ်းဖို့ အတွက် ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံ တို့ဟာ ဥရောပ သမဂ္ဂကို မေတ္တာ ရပ်ခံ လိုက်ပါ တယ်။

ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့မှာ ပြုလုပ် နေတဲ့ ဥရောပ သမဂ္ဂ အီးယူ ထိပ်သီး အစည်း အဝေး ဒုတိယ နေ့မှာ ဒေးဗစ် ကမ်မရွန်းနဲ့ ဖရန်ဆွာ အော်လန်း တို့က ဆီးရီးယား သူပုန်တွေ အပေါ် လက်နက် ပိတ်ဆို့ မှုတွေ လုပ်ထား တာကို အဆုံး သတ်ဖို့ အတွက် တိုက်တွန်း ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အီးယူ တခုလုံး အနေနဲ့ သူတို့ရဲ့ အကြံပြုချက် အပေါ် သဘော မတူ နိုင်ခဲ့ဘူး ဆိုရင်တော့ သူတို့ နှစ်နိုင်ငံ ထဲကသာ ဆီးရီးယား သူပုန် တွေကို လက်နက် ထောက်ပံ့ ပေးမှာ ဖြစ်တယ်လို့ ခေါင်းဆောင် နှစ်ဦးစလုံးက ရည်ညွှန်း ပြောကြား သွားပါတယ်။

ဂျာမဏီ အပါအဝင် တခြားသော အီးယူ အဖွဲ့ဝင် နိုင်ငံတွေ ကတော့ လက်နက် ပိတ်ပင် ထားမှုကို ဖွင့်ပေး လိုက်မယ် ဆိုရင် ဆီးရီးယားမှာ အကြမ်းဖက် မှုတွေ ပိုတိုး လာမှာကို စိုးရိမ် နေကြပါတယ်။

အထူး သဖြင့်တော့ အတိုက် အခံတွေဆီ လက်နက် မရောက်ဘဲ အစ္စလာမ် စစ်သွေးကြွ တွေဆီ ရောက်သွား မှာကို စိုးရိမ် နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။