BBC navigation

ချာဗက်ဇ် ရုပ်အလောင်း ပြတိုက်မှာ ထားလိုက်ပြီ

နောက်ဆုံး ရေးသားချိန် 16 မတ်လ 2013 - 00:58 GMT

ရှာဗက်ဇ် အလောင်းကို သယ်ဆောင်လာ

ဗင်နီဇွဲလား နိုင်ငံမှာ ကွယ်လွန်သူ သမ္မတ ဟူဂိုရှာဗက်ဇ်ရဲ့ ရုပ်အလောင်းဟာ ကာရာကတ်စ်မြို့က စစ်သမိုင်း ပြတိုက်မှာ ရောက်ရှိလာပါပြီ။

မစ္စတာ ရှာဗက်ဇ်ရဲ့ နိုင်ငံရေး ပါတီ အရောင် ဖြစ်တဲ့ အနီရောင်လွှမ်းနေတဲ့ ထောင်သောင်း ချီတဲ့ လူထု ပရိသတ်ဟာ ရုပ်အလောင်း ဆယ်ရက်ကြာ ထားခဲ့တဲ့ စစ်တပ် လေ့ကျင့်ရေးကျောင်းကနေ သယ်လာရာ လမ်းတလျှောက် ပြည့်နှက်လို့ နေပါတယ်။

ဘာသာရေးနဲ့ နိုင်ငံရေး ဆိုင်ရာ အခမ်းအနားတွေ ဆင်ယင် ကျင်းပပြီးတဲ့နောက် ယာယီ သမ္မတ နီကိုလပ်စ် မဒူရိုက သမ္မတ ရုပ်အလောင်းကို ပြတိုက်ထဲက ဂူဗိမာန်မှာ တင်ထားလိုက်တာ ဖြစ်ပါတယ်။

မစ္စတာ ရှာဗက်ဇ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်း က ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး ဗင်နီဇွဲလားမှာ ဆယ့်လေးနှစ်ကြာ ဆက်တိုက် အာဏာ ရယူခဲ့တာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။