BBC navigation

တောင်ကိုရီးယားကို မြောက်ကိုရီးယား ခြိမ်းခြောက်

နောက်ဆုံး ရေးသားချိန် 16 မတ်လ 2013 - 17:20 GMT

တောင်ကိုရီးယားပိုင် ကျွန်းငါးခုက ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ မြောက်ကိုရီးယား သတိပေး

မြောက်ကိုရီးယား အစိုးရနဲ့ ပတ်သက် နေတဲ့ အွန်လိုင်း သတင်းစာ တစောင် ကနေ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ နယ်စပ် အနီး တောင်ကိုရီးယား ဘက်ခြမ်းမှာ နေထိုင် ကြသူတွေ အနေနဲ့ ဘေးလွတ် ရာကို ပြောင်းရွှေ့ သွားသင့် တယ်လို့ သတိ ပေး ပြောကြား လိုက်ပါတယ်။

တောင်ကိုရီးယား ပိုင်ဆိုင်တဲ့ အနောက်ဘက် ကျွန်းစု ငါးခုကို သတင်း ထဲမှာ ရည်ညွှန်း ပြောကြား ထားတာကို တွေ့ရပါတယ်။

အဲဒီ ကျွန်းစု ငါးခုကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပြုလုပ် နိုင်ဖွယ် ရှိတယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်း မီဒီယာ ကနေ မကြာသေး ခင်က ကြေညာ ပြောဆို ထားတာ ဖြစ်ပါတယ်။

မီးပွားလေး ကနေ မီးတောက်ကြီး တခု အဖြစ် ကို ပြောင်းလဲ သွား နိုင်တယ်လို့ သတင်းစာက ပြောပါတယ်။

မြောက်ကိုရီးယား ဘက်ကနေ ခြိမ်းခြောက်မှု ပြုလုပ် နေရာမှာ အခု သတင်းစာက ပြောဆို မှုဟာ နောက်ဆုံး တွေ့ရတဲ့ ခြိမ်းခြောက်မှု ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု ကနေ ပြုံရမ်းရဲ့ နျူကလီးယား ဒုံးကျည် ရန်ကို ကာကွယ်ရေး အတွက် မစ်ဇိုင်းဒုံး စနစ်ကို တိုးမြှင့် ဆောင်ရွက် မယ်လို့ ကြေညာ ပြောဆိုပြီး နောက်မှာ မြောက်ကိုရီးယား တို့ဘက်က အခုလို ခြိမ်းခြောက်မှု ပြုလုပ် ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။