BBC navigation

ပုပ်ရဟန်းမင်းသစ်ကြီး မီဒီယာနဲ့ တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 16 မတ်လ 2013 - 17:00 GMT

ဆင်းရဲသားထု အတွက် အလုပ် အကျွေးပြုတဲ့ သင်္ကေတ ဖြစ်တဲ့ သူတော်စင် ဖရန်စစ်ရဲ့ နာမည်ကို ယူခဲ့တာဖြစ်

ရိုမန် ကက်သလစ် အသင်းတော် ကြီးရဲ့ သာသနာ ပိုင်အဖြစ် ရွေးချယ် တင်မြောက် ခံခဲ့ရတဲ့ ပုပ်ရဟန်း မင်းသစ် ဖရန်စစ် ကနေ ရောမ မြို့မှာ သတင်း မီဒီယာ တွေနဲ့ တွေ့ဆုံ ရာမှာ အသင်းတော်ကြီး အနေနဲ့ ဆင်းရဲ နွမ်းပါး သူတွေ အတွက် ဆောင်ရွက်ပေး နေတဲ့ လုပ်ငန်း တွေကို မမေ့လျော့ သင့်ကြောင်း ပြောကြား သွား ပါတယ်။

ပုပ်ရဟန်း မင်းကြီးက (Poor Church for the Poor) ဆိုပြီး ဆင်းရဲ နွမ်းပါး သူတွေ အတွက် ရိုးရိုး ကုပ်ကုပ် ဆောင်ရွက် ပေးတဲ့ သင်းတော်ကြီး ဖြစ်ဖို့ ဆန္ဒရှိ ကြောင်း အဓိက ပြောကြားသွား ခဲ့တာ ဖြစ်ပါတယ်။

အသင်းတော်ကြီးဟာ ပိုမို ခြိုးခြံ ချွေတာ မှုတွေ လုပ်ဖို့ကို ပုပ်ရဟန်း မင်းကြီးက အရှင်းလင်းဆုံး ရည်ညွှန်း ပြောဆို သွားတယ် ဆိုတာကို သူ့ရဲ့ သဘောထား တွေမှာ တွေ့မြင်ရ ပါတယ်။

သူ့ရဲ့ ပုပ်ရဟန်းမင်း နာမည်ကို ရွေးချယ် ရာမှာလည်း ငြိမ်းချမ်ရေး၊ ခြိုးခြံ ချွေတာ ရေးနဲ့ ဆင်းရဲသားထု အတွက် အလုပ် အကျွေးပြုတဲ့ သင်္ကေတ ဖြစ်တဲ့ အဆီဇီ သူတော်စင် ကြီးဖြစ်တဲ့ ဖရန်စစ် နာမည်ကို ယူခဲ့တာ ဖြစ်ကြောင်း သတင်း လာယူ ကြတဲ့ ကမ္ဘာ တလွှားက ရာပေါင်း များစွာသော သတင်း မီဒီယာ တွေကို ပြောကြား ပါတယ်။

သတင်းထောက်တွေ ကတော့ သူ့ရဲ့ ပြေားကြားတဲ့ ပုံစံဟာ အရင် ပုပ်ရဟန်းမင်း တွေနဲ့ မတူပဲ စိတ်ရင်း ရှိတဲ့ အတိုင်း ပြောကြားတဲ့ ပုံမျိုး ဖြစ်တယ် လို့ ပြောပါ တယ်။

နောက်ပြီး သူ့ရဲ့ သဘောထားကို ပြောရာ မှာလည်း ဟိတ်ဟန် မရှိပဲ ရိုးရိုး သာမန် လိုသာ ပြောကြား တယ်လို့ သတင်းထောက် တွေက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။