BBC navigation

ငွေအပ်သူတွေဆီက စည်းကြပ်ခွန် လျော့ကောက်ဖို့ ကြိုးစား

နောက်ဆုံး ရေးသားချိန် 18 မတ်လ 2013 - 01:04 GMT

ဘဏ်ငွေအပ်သူတွေဆီက စည်းကြပ်ခွန် လျော့ကောက်အောင် ကြိုးစားနေတဲ့ သမ္မတ

ဆိုက်ပရပ်စ်နိုင်ငံက ဘဏ်မှာ ငွေအပ်တဲ့သူတွေ ဆီကနေ ယူရိုဇုန် စည်းမျဉ်းအရ ကောက်ခံမယ့် အခွန် လျော့သွားအောင် ကြိုးစားနေတယ်လို့ သမ္မတ နီကိုးစ် အနက်စ်တက်ဆီရာဒေး က ပြောကြားလိုက်ပါတယ်။

အခုလို ငွေအပ်မယ့်သူ ဆီက စည်းကြပ် ခွန်ကောက်ခံမယ် ကိစ္စအပေါ် ဆိုက်ပရပ်စ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဒေါသထွက်နေ ကြပါတယ်။

ငွေအပ်သူတွေ ဆီကနေ စည်းကြပ်ခွန် ကောက်မယ့် ကိစ္စနဲ့ ပတ်သက်လို့ လူတွေရဲ့ စိတ်ဆိုး ဒေါသဖြစ်တာကို ဝေမျှ ခံစား နားလည် ပါတယ်လို့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ သမ္မတက ဂရိခ် ဘာသာနဲ့ ဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် ငွေပမာဏ အနည်းအကျဉ်းဘဲ စုဆောင်းတဲ့သူတွေ ဆီကနေ ဒီစည်းကြပ်ခွန် လျော့ကောက်ဖို့ လုပ်ဆောင်နေပေမယ့် ဒီနေ့ တနင်္လာနေ့မှာ ပါလီမန်က ဒီယူရိုဇုန်ရဲ့ ကယ်ဆယ် ကူညီငွေ ယူဖို့ အတည်မပြုပေးခဲ့ရင် နိုင်ငံတွင်းက ဘဏ်ကြီး နှစ်ခု ဒေဝါလီ ခံရလိမ့်မယ်လို့ သမ္မတက ပြောပါတယ်။

ယူရိုဇုန် နိုင်ငံတွေနဲ့ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့တို့ရဲ့ ဘဏ္ဍာရေး ကယ်ဆယ် ထောက်ပံ့မှု ဆယ်ဘီလီယံ ယူရို အကူညီ ယူမယ် ဆိုရင် သဘောတူညီချက်တွေထဲက တခု ဖြစ်တဲ့ အခုလို စည်းကြပ်ခွန် ကောက်ခံရမှာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။