BBC navigation

ဆိုက်ပရပ်စ်ဘဏ် ငွေအပ်သူတွေဆီက ဆယ်ရာခိုင်နှုန်း ဖြတ်မယ်

နောက်ဆုံး ရေးသားချိန် 17 မတ်လ 2013 - 00:25 GMT

ဆိုက်ပရပ်စ် သမ္မတ နီးကိုးစ် အနက်တက်ဆီးရားဒေး

ဆိုက်ပရပ်စ်မှာ နိုင်ငံရဲ့ အကြီးဆုံး ဘဏ်ကြီး နှစ်ခု ဒေဝါလီ မခံရအောင် ဘဏ္ဍာရေး ကယ်ဆယ်မှု အကူအညီ ရယူဖို့ သဘောတူ ရလိမ့်မယ်လို့ သမ္မတ Nicos Anastasiades ရဲ့ ပြောကြားချက်ကြောင့် လူတွေက ဒေါသတကြီး တုန့်ပြန်ခဲ့ကြပါတယ်။

သူ့အဆိုအရ ပရမ်းပတာနဲ့ ဘဏ်တွေကို ဒေဝါလီ ခံမယ့် အစား စီးပွားပျက်ကပ် မဆိုက်အောင် ထိန်းချုပ် စီမံသွားတာက ပိုကောင်းလိမ့်မယ်လို့ သူက ဆိုပါတယ်။

ယူရိုဇုန်နဲ့ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့က ပေးအပ်မယ့် ကယ်ဆယ်ရေး အကူအညီ တဆယ် ဘီလီယံ ယူရို ကိုရယူနိုင်ဖို့ အတွပ် ဘဏ်မှာ ငွေထည့်ထားတဲ့ သူတွေက ဆီကနေ အခွန်အတုပ်တွေ ဖြတ်တောက်ယူမယ်လို့ သတင်းတွေ ထွက်လာတာကြောင့် ဆိုက်ပရပ်စ် ပြည်သူ အများအပြားဟာ ဒေါသတကြီးနဲ့ တုန့်ပြန်ခဲ့ကြပါတယ်။

ဒီလိုလုပ်တာကတော့ တရားလွန်လွန်းပါတယ်ဗျာ ၊ လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ စိုးရိမ်ပူပန်နေတဲ့ လီမာဆို မြို့က ဒေသခံ တယောက်က ဂရိဘာသာနဲ့ ပြောသွားတာပါ။

ယူရိုဇုန် ကယ်ဆယ်ရေး အစီအစဉ်ရဲ့ အစိတ်အပိုင်း တခုဖြစ်တဲ့ ဒီလို ကျင့်သုံးမှုကို လုပ်ဆောင်တာ၊ ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။

ဆိုက်ပရပ် ဘဏ်က ငွေအများစုဟာ ရုရှားက ငွေကြေးခဝါချချင်သူတွေ ပိုင်တာလို့ ယူရိုဇုန် ခေါင်းဆောင်တွေက မှတ်ယူနေကြတာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။