BBC navigation

ပါကစ္စတန် အစိုးရ သက်တမ်းပြည့် အုပ်ချုပ်နိုင်ခဲ့

နောက်ဆုံး ရေးသားချိန် 17 မတ်လ 2013 - 00:27 GMT

လက်ရှိ ပါကစ္စတန် အစိုးရအဖွဲ့

လက်ရှိ ပါကစ္စတန် အစိုးရဟာ နိုင်ငံ စထူထောင်ခဲ့တဲ့ ၁၉၄၇ ခုနှစ် ကတည်းက ပထမဆုံး ငါးနှစ် သက်တမ်းပြည့် အုပ်ချုပ်နိုင်ခဲ့တဲ့ ရွေးကောက်တင်မြှောက်ခံ အစိုးရ အဖြစ် သမိုင်း မှတ်တိုင် ထူသွားနိုင်ခဲ့ ပါပြီ။

ဒေသ စံတော်ချိန် သန်းခေါင်ယံမှာ ပါလီမန်ကို ဖျက်သိမ်းပြီး လာမယ့် မေလ ရွေးကောက်ပွဲ ကျင်းပတဲ့ အထိ အိမ်စောင့် အစိုးရက ဆက်လက် အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်။

အစိုးရ သက်တမ်းတခုကို ပြီးမြောက်အောင် အုပ်ချုပ် နိုင်ခဲ့တာဟာ ဒီမိုကရေစီ အောင်ပွဲတရပ်ဘဲလို့ ဝန်ကြီးချုပ် ရာဂျာ ပါဗက်ဇ် အက်ရှ်ရက်ဖ်က ပြောပါတယ်။

အရင် သဘောတူထားခဲ့ ကြတဲ့ အတိုင်း ကြားဖြတ် အစိုးရ ပေါ်ထွက်လာတဲ့ အထိ မစ္စတာ အရှ်ရက်ဖ်ဟာ နောက်ထပ် နည်းနည်းကြာ ဆက်လက် အုပ်ချုပ် သွားဦးမှာဖြစ်ပါတယ်။

ဒီမိုကရေစီ ကျကျ အာဏာ အကူးအပြောင်း လုပ်နေတာကြောင့် အကြမ်းဖက် တိုက်ခိုက်မှုတွေ ၊ ဘာသာရေး အုပ်စုတွေကြား မငြိမ်မသက်မှုတွေနဲ့ စီးပွားရေး စိန်ခေါ်မှုတွေကို ဆက်လက် ရင်ဆိုင် ရစေတယ်လို့ အစ္စလာမ် မဘက်ဒ်မြို့က ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။